ချောင်းခွကျေးရွာအနီးသို့ ချဉ်းကပ်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံး

Photo- People’s Defence Force (Kalay)

ကလေး၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နည်းပညာတက္ကသိုလ်မှ ၁၀ မိုင်ခန့်ဝေးသည့် ချောင်းခွကျေးရွာသို့ စစ်ကြောင်းထိုး ချဉ်းကပ်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဩဂုတ်လ ၁၂ ရက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီလက်ပါးစေ ၃ ဦးထက်မနည်းသေဆုံးပြီး အထိအခိုက်များကြောင်း ကလေး PDF ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

သာယာကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အင်အား ၁၅၀ ခန့်ဖြင့် ကလေးမြို့တောင်ဘက် ကို စစ်ကြောင်းထိုးလာကာ ဩဂုတ်လ ၁၂ ရက်တွင် ကျွန်းချောင်းကျေးရွာနှင့် အနောက် စံသာကျေးရွာတို့မှ တစ် ဆင့် ချောင်းခွကျေးရွာအနီးသို့ချဉ်းကပ်လာခြင်းဖြစ်ကြောင်း ကလေး PDF ကဆို သည်။

ထိုသို့ချဉ်းကပ်လားသည့် စစ်ကောင်စီတပ်ကို PDF (Kalay) တပ်ရင်း(၁)၊ (၂)၊ (၅)၊ (၆)၊ (၇) အပါအဝင် ပကဖ (ကလေး)နှင့် CNDF တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁၁ နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်ပါးစေ ၃ ဦးသေဆုံးခဲ့ပြီး ကလေး PDF မိုင်းတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လည်း စစ်ကောင်စီလက်ပါးစေ ထိခိုက်သေဆုံးမှု ထပ်မံများပြားနိုင်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်ပါးစေများသည် ချောင်းခွကျေးရွာအတွင်းသို့ဝင်ရောက်ကာ ပြည်သူ ပိုင်နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၁၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ချောင်းခွကျေးရွာမှ တစ်ဆင့် ကလေးမြို့တောင်ပိုင်းသို့ဦးတည်၍ စစ်ကြောင်းထွက်သွားကြောင်း ကလေး PDF ထံမှသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်ကလည်း အထက်ပါစစ်ကြောင်းကို ကျွန်းချောင်းကျေးရွာနှင့် အနောက်စံသာကျေးရွာ ကြားတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ချုံခိုတိုက်ခိုက်ခဲ့သဖြင့် နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက် ပွဲအတွင်း စစ်ကောင်စီလက်ပါးစေ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


Lu Nge Khit 

ချောင်းခွကျေးရွာအနီးသို့ ချဉ်းကပ်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံး ချောင်းခွကျေးရွာအနီးသို့ ချဉ်းကပ်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.