စစ်ကောင်စီတပ်စစ်ကြောင်းများဝင်လာပါက ထိပ်တိုက်မတွေ့ဘဲ လုံခြုံရာ၌ နေထိုင်ကြရန် ဂန့်ဂေါ(ပအဖ) ပြည်သူများအားသတိပေး


ပြည်သူများအနေဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်ရောက်လာပါက ထိပ်တိုက်မတွေ့မိဘဲ လုံခြုံရာ အရပ်ဒေသများ၌သာ နေထိုင်ကြရန် သတိပေးနှိုးဆော်လိုက်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ် ပြန်သည်။

စစ်ကောင်စီတပ်များသည် ယမန်နေ့ (ဩဂုတ် ၁၆ ရက်)ကစပြီး ဂန့်ဂေါနယ်တောင်ပိုင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာကြောင်း ဖော်ပြထား သည်။

စစ်ကောင်စီတပ်များ လက်ရှိအချိန်ထိ တောတောင်များထဲ လှည့်လည်သွားလာလျက်ရှိပြီး အဆိုပါ စစ်ကောင်စီတပ်သည် စစ်ကြောင်းချီရာလမ်းတလျှောက်တွင် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ အသက် အန္တရာယ် ခြမ်းခြောက်ခြင်းစသည့် အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိကြောင်း ဂန့်ဂေါ (ပအဖ)က ထုတ်ပြန်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်များ အား ထိပ်တိုက်မတွေ့မိစေရန် ဂန့်ဂေါ(ပအဖ)က အသိပေးနှိုးဆော် ခဲ့ခြင်းဖြစ်သည်။


People's Spring 

စစ်ကောင်စီတပ်စစ်ကြောင်းများဝင်လာပါက ထိပ်တိုက်မတွေ့ဘဲ လုံခြုံရာ၌ နေထိုင်ကြရန် ဂန့်ဂေါ(ပအဖ) ပြည်သူများအားသတိပေး စစ်ကောင်စီတပ်စစ်ကြောင်းများဝင်လာပါက ထိပ်တိုက်မတွေ့ဘဲ လုံခြုံရာ၌ နေထိုင်ကြရန် ဂန့်ဂေါ(ပအဖ) ပြည်သူများအားသတိပေး Reviewed by THITHTOOLWIN on 03:56 Rating: 5

No comments:

Powered by Blogger.