ကင်းရွာကို စစ်ကောင်စီက လေယာဥ်နဲ့ အင်အားချပိတ်ဆို့ထားလို့ ပြည်သူတွေ ပိတ်မိနေ

ဓါတ်ပုံ - ချင်းတွင်းချစ်သူ

ကနီ ၊ ဩဂုတ် ၁၇ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း ကနီးမြို့နယ် ကင်းရွာကို စစ်ကောင်စီက လေယာဥ်၄စီးနဲ့ စစ်သားတွေလာချသွားခဲ့လို့ ပြည်သူတွေရွာထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၇ရက် ဒီနေ့ညနေ ၄နာရီလောက်မှာ ဂျက်ဖိုက်တာတစီး ရဟတ်ယာဥ် ၃စီးနဲ့ အင်အား ၅၀ကျော် လာချသွားခဲ့တာဖြစ်ပြီး ဘေးရွာတွေကိုလည်းလက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ တာဝန်ခံက ပြောပါတယ်။

" ဖုန်းဆက်တာကို ကင်းရွာကဒေသခံတွေကိုရိုက်နှက်သံတွေအော်နေတဲ့အသံတွေကြားရတယ်၊ကင်းရွာမှာဒေသခံ ၅၀ ဝန်းကျင်လောက်ပိတ်မိနေတယ်၊ကင်းရွာကအိမ်ခြေ ၇၀၀ ကျော်ရှိတာ၊လွတ်တဲ့လူလည်းလွတ်သွားတယ်၊ကျန်တဲ့လူကကျန်နေခဲ့တာ" လို့ ပြောပါတယ်။

လက်ရှိကင်းရွာမှာ စစ်ကောင်စီစခန်းချထားပြီး မင်းကင်းမြို့နယ်မှာ ရပ်ထားတဲ့ စစ်သင်္ဘောနဲ့တွေလည်း ကနီမြို့နယ်ထဲဝင်လာနေပြီဖြစ်တယ်လို့ ပြောပါတယ်။

" စစ်သင်္ဘော ၁ စီးနဲ့ရှပ်ပြေး ၂ စီးပါ၊မုံရွာဘက်ကိုစုန်မှာပါ၊စစ်သင်္ဘောပေါ်မှာတော့ ဘာမှပါမလာဘူး၊ရှပ်ပြေး ၂ စီးပေါ်မှာခွေးတွေပါတယ်၊ပြည်သူတွေဆီကမတရားသိမ်းယူထားတဲ့ပစ္စည်းတွေလည်းပါတယ်၊လောလောစယ်ရေကြောင်းကတော့မင်းကင်းမြို့နယ် သင်တောကျေးရွာမှာစခန်းချထားတယ်" လို့ ပြောပါတယ်။

သင်တောရွာနဲ့ ကင်းရွာဟာ ဆိုင်ကယ်နဲ့သွားရင် ကြာချိန်၄၅ မိနစ်ရှိတဲ့ အကွာအဝေးရှိတဲ့ နေရာဖြစ်တာကြောင့် မြစ်ကြောင်းတလျှောက် ရေကြောင်းရော ကုန်းကြောင်းကပါ စစ်ကြောင်းထိုးနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့ သတိပေးထားပါတယ်။

ကင်းရွာစံပြကျေးရွာကို ပြီးခဲ့တဲ့ မေလအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၀၀‌‌ကျော် မီးလောင်ပြာကျထားတဲ့ ရွာတရွာဖြစ်ပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ကင်းရွာကို စစ်ကောင်စီက လေယာဥ်နဲ့ အင်အားချပိတ်ဆို့ထားလို့ ပြည်သူတွေ ပိတ်မိနေ ကင်းရွာကို စစ်ကောင်စီက လေယာဥ်နဲ့ အင်အားချပိတ်ဆို့ထားလို့ ပြည်သူတွေ ပိတ်မိနေ Reviewed by THITHTOOLWIN on 03:41 Rating: 5

No comments:

Powered by Blogger.