အင်းစိန်မြို့နယ်မှာ အရန်မီးသတ်ခေါင်းဆောင် သေနတ်နဲ့၅ချက်ပစ်သတ်ခံရ၊တပည့်ဖြစ်သူပါ ပစ်ခတ်ခံရ

ဓာတ်ပုံ - ပစ်ခတ်ခံရပြီး သေဆုံးသူ စစ်တပ်အမာခံ သတင်းပေး အရန်မီးသတ်ခေါင်းဆောင် 

လှိုင်မင်းထွန်း


ရန်ကုန်၊သြဂုတ် ၁၂၊၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊၁၄/၁၅ ရပ်ကွက်‌၊ မြတ်အိမ်ယာလမ်းသွယ်(၂)အတွင်းမှာအရန်မီးသတ်ခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုလှိုင်မင်းထွန်းဆိုသူနဲ့သူ့ရဲ့တပည့်ဖြစ်သူတို့ ဒီကနေ့ သြဂုတ် ၁၂ရက်၊မနက် ၇နာရီ ၅၀မိနစ်က ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အရန်မီးသတ်ခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုလှိုင်မင်းထွန်းဆိုသူနဲ့သူ့ရဲ့တပည့်ဖြစ်သူတို့ဟာ နေအိမ်မှာ ကားပြင်နေစဥ် အမည်မသိသေနတ်သမားတွေက ဆိုင်ကယ်နဲ့ရောက်လာပြီးပစ်ခတ်ခဲ့တာ​ဖြစ်ပြီးကိုလှိုင်မင်းထွန်းကတော့  သေနတ်နဲ့ ၅ချက်အပစ်ခံရပြီး သူရဲ့တပည့်ဖြစ်သူကတော့ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပေါင်မှာဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့ဖြစ်သွားတာက  ၇နာရီ ၅၀လောက်မှာ ကိုလှိုင်မင်းထွန်းနဲ့သူ့ရဲ့တပည့် သူ့အိမ်မှာ ကားပြင်နေတုန်းပစ်ခတ်ခံရတယ်လို့ သိရတယ်။အဲ့ဒီမှာ ကိုလှိုင်မင်းထွန်းကတော့ ၅ချက်လောက်ထိတယ်လို့ ပြောတယ်ဗျ။ပေါင်ထိသွားတဲ့ သူရဲ့တပည့်နာမည်နဲ့ဒဏ်ရာ ဘယ်လောက်ကြီးတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူးဗျ။"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးမနက် ၈နာရီ ၁၀မိနစ်ခန့်မှာတော့ အရေးပေါ်ကားတွေရောက်လာပြီး ပစ်ခတ်ခံရသူတွေကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာမျိုးကိုတော့ မသိရသေးသလို သတင်းထုတ်ပြန်တာတွေလည်း မတွေ့ရှိရသေးပါဘူး။

အရန်မီးသတ်ခေါင်းဆောင် ကိုလှိုင်မင်းထွန်းဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကူညီနေသူဖြစ်ပြီး ဆိုင်ကယ်ဖမ်းဆီးတာ၊ ဧည့်စာရင်းစစ်ဆေးတာတွေမှာ ပါဝင်ခဲ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇေယျာလင်း ဖမ်းဆီးခံရမှုမှာ ပါဝင်လုပ်ဆောင်တာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေပြောပါတယ်။


Salween Press

အင်းစိန်မြို့နယ်မှာ အရန်မီးသတ်ခေါင်းဆောင် သေနတ်နဲ့၅ချက်ပစ်သတ်ခံရ၊တပည့်ဖြစ်သူပါ ပစ်ခတ်ခံရ အင်းစိန်မြို့နယ်မှာ အရန်မီးသတ်ခေါင်းဆောင် သေနတ်နဲ့၅ချက်ပစ်သတ်ခံရ၊တပည့်ဖြစ်သူပါ ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.