စစ်အုပ်စုအာဏာမသိမ်းခင်ကနှင့်ယှဥ်လျှင် ​​ငွေလဲနှုန်းအရ ကျပ်​ငွေတန်ဖိုး ၁၁၃ ရာခိုင်နှုန်းကျဆင်း​သွား

(ကျပ်​ငွေတန်ဖိုးသည်သမိုင်းတစ်​လျှောက် စံချိန်တင်ကျဆင်း​နေသည်။  ။     ။ဓါတ်ပုံ- Bloomberg)

ရွှေဈေး ၂၆သိန်း၊တစ်ဒေါ်လာ ၂၈၅၀ကျပ်ရှိလာပြီး ကျပ်​​ငွေတန်ဖိုးစံချိန်တင်ကျ 

ပြည်တွင်း၌ ယ​နေ့ရွှေတစ်ကျပ်သားလျှင်  ၂၆သိန်းကျော်၊ အမေရိကန်တစ်ဒေါ်လာကို ၂၈၅၀ကျပ်အထိပေါက်ဈေးရှိလာပြီး ဈေးကွက်အတွင်း ရွှေနှင့်ဒေါ်လာဝယ်ယူမရတော့ကြောင်း ပြည်တွင်းရွှေဆိုင်ပိုင်ရှင်များနှင့် ငွေလဲဆောင်ရွက်နေသူများကပြောသည်။ 

သြဂုတ် ၁၂ ရက်တွင် ပြည်တွင်းရွှေဈေးမှာအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်း​ကျော်( ၂,၆၂၀,၀၀၀)အထိဆက်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ၂၇၉၀ကျပ်မှ ၂၈၅၀ကျပ်အထိရှိနေသည်ဟု ဈေးကွက်အတွင်းမှာ သိရသည်။ 

“အခုက လူတွေ စိတ်ပူတာရယ်၊ မြန်မာကျပ်ငွေ ခိုင်မာမူမရှိတော့ရယ်၊ဝယ်လိုအားများနေတာရယ်၊နိုင်ငံရေးတွေကြောင့်အခုလို့ ဈေးတွေတက်နေတာ။ ရှေ့ဆက်လည်းတက်ဖို့ပဲရှိနေမှာ”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ယ​နေ့​ပေါက်ဈေးနှုန်းများသည့် ယမန့်နေ့(ဩဂုတ် ၁၁ရက်) ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ရွှေတစ်ကျပ်သားလျှင်ကျပ် တစ်သိန်းနှင့် တစ်ဒေါ်လာကို ကျပ် ၁၂၀ ခန့်မြင့်တက်လာခြင်းဖြစ်သည်။ ယမန့်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၅၂၀,၀၀၀ နှင့် တစ်ဒေါ်လာကို ကျပ် ၂၇၃၀ ကျပ်​ရှိခဲ့သည်။ ထို​ကြောင့်​ တစ်ရက်အတွင်းရွှေ​ဈေးမှာ တစ်ကျပ်သားလျင် ကျပ်တစ်သိန်းနှင့် တစ်​​ဒေါ်လာလျှင့် ၁၀၀ ကျပ်​ကျော် ​​​ဈေးတက်လာခြင်းဖြစ်သည်။

ယ​နေ့ ​ရွှေ​ဈေးနှင့် ​ဒေါ်လာ​ဈေးမှာ သမိုင်းတစ်လျှောက်အမြင့်ဆုံးနှုန်းထားဖြစ်ပြီး ယမန့်နှစ် စက်တင်ဘာလ ၂၇ ရက်ကအမြင့်ဆုံး​ဈေးများဖြစ်​သော အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၂ သိန်း​ကျော် (၂,၂၂၀,၀၀၀ )နှင့် တစ်ဒေါ်လာကို ၂၈၀၀ကျပ်ထက် ပိုများပြီး စံချိန်ချိုးခဲ့ခြင်းဖြစ်သည်။ 

စစ်အုပ်စုအာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကို ၁,၃၂၀,၀၀၀ကျပ် နှင့် တစ်ဒေါ်လာကို အမြင့်ဆုံး ၁၃၃၇ကျပ်သာ ရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင် ကျပ်ငွေတန်ဖိုးသည် ​ငွေလဲတန်ဖိုးအရ ၁၁၃ ရာခိုင်နှုန်း တန်ဖိုး​လျော့ကျသွားပြီး၊ ရွှေဈေးမှာလည်း နှစ်ဆမြင့်တက်သွားခြင်းဖြစ်သည်။


People's Spring 

စစ်အုပ်စုအာဏာမသိမ်းခင်ကနှင့်ယှဥ်လျှင် ​​ငွေလဲနှုန်းအရ ကျပ်​ငွေတန်ဖိုး ၁၁၃ ရာခိုင်နှုန်းကျဆင်း​သွား စစ်အုပ်စုအာဏာမသိမ်းခင်ကနှင့်ယှဥ်လျှင် ​​ငွေလဲနှုန်းအရ ကျပ်​ငွေတန်ဖိုး ၁၁၃ ရာခိုင်နှုန်းကျဆင်း​သွား Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.