![]() |
ဓာတ်ပုံ- ယနေ့ မိုင်းဆွဲတိုက်ခိုက်မှု/ CDSOM |
မြောင်၊ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဘိုးမင်းကြီးကင်းရွာနှင့် ဂွေးပင်တောရွာအကြားတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် အနည်းဆုံး ၇ ဦးခန့် သေဆုံးခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးသမား တစ်ဦးဖြစ်သည့် ကိုနွေဦး(မြောင်) က ပြောသည်။
ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့များသည် မုံရွာမြို့မှ စစ်ကိုင်းမြို့ဆီသို့ ထွက်ခွာလာသည့် ကား ၁၃ စီးပါ စစ်ကောင် စီယာဉ်တန်းကို ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းတွင် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင် ကား ၃ စီးကို တိကျစွာတိုက်ခိုက်နိုင်သည့်အပြင် စစ်ကောင်စီယာဉ်တန်းကို မိုင်တဲလ်တာဝါတိုင် ဖြင့် တီထွင်ထားသည့် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယာဉ်တန်း ၁၃ စီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ လိုက်ပါလာခြင်းဖြစ်သည်ဟု ကိုနွေဦး (မြောင်) ကပြောသည်။
“ထိတဲ့ ကားတွေ ထားခဲ့တာမျိုးတော့မရှိဘူး။ တစ်စီးပျက်ရင် တစ်စီးနဲ့ဆွဲသွားကြတယ်"ဟု ၎င်းကပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခြင်းကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ၊ Black Eagle ကာကွယ်ရေးအဖွဲ့ ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ ၊ မြင်းမူမြို့နယ် PDF အဖွဲ့နှင့် မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့တို့က တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Lu Nge Khit

No comments:
Post a Comment