ရေနံချောင်း၊ ဇူလိုင် ၅၊ ၂၀၂၂။
မကွေးတိုင်း၊ ရေနံချောင်းမြို၊ သူဌေးကုန်းဒိုင်နယ်၊ ယာကြီးပြင်ရပ်ကွက်က ဒလန်ဆိုသူအမျိုးသားတဦး ဇူလိုင်လ ၅ ရက် ဒီမနက် ၁၁ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၄၀ နှစ်အရွယ် ကိုကျော့ခိုင်ဆိုသူဖြစ်ပြီး၊ ယာကြီးပြင်ရပ်ကွက်အတွင်းမှာပဲ အမည်မသိသေနတ်သမားတဦးက ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“လာပစ်တဲ့လူက တကိုယ်တော်တယောက်ထဲလာပြီး သေနတ်နဲ့ပစ်သွားတာ၊ ရင်အုံအပေါ် ၁ ချက်၊ အောက် ၁ ချက်မှန်သွားတယ်၊ ဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာတော့ မသိရသေးဘူး၊ သူက စစ်သားတွေ၊ ရဲတွေကို ရပ်ကွက်ထဲခေါ်လာတယ်၊ ဟိုအိမ်စစ် ဒီအိမ်စစ်လုပ်တယ်၊ စားဖို့သောက်ဖို့ ရိက္ခာတွေ စီစဉ်ပေးတယ်၊” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ရေနံချောင်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး၊ သတိပြန်ရလာတာလည်း မရှိသေးသလို သေဆုံးဖို့ရာခိုင်နှုန်းများတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment