ဇူလိုင် ၅၊
စစ်ကိုင်း-ရွှေဘိုကားလမ်းပေါ် စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာနှင့် ဆားတောင်မြို့ကြားမှာဇူလိုင်လ ၃ရက်နေ့ ည ၇:၃၀ နာရီအချိန်ဝန်းကျင်က စစ်ကောင်စီတပ်သားများတင်ဆောင်လာတဲ့ ယာဉ်တန်းကို The Pentagram-ငါးထောင့်ကြယ်၊ နယ်စည်းမခြားစစ်ကိုင်းသား နှင့် PHOENIX(SGG) အညာသားညီနောင် ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
23:28
Rating:

No comments:
Post a Comment