ဝက်လက်မြို့တွင် အကြမ်းဖက်စစ်တပ်က စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို သတ်ဖြတ်


စစ်ကိုင်း၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းက ကျေးရွာများကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မွှေနှောက်နေပြီး စိတ်ကျန်းမာရေးချို့ယွင်းနေသူ တစ်ဦးကိုလည်း သတ်ဖြတ်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ များထံမှ သိရသည်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂ ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးနေပြီး ဇူလိုင်လ ၄ ရက်တွင် ရုံးပင်ကုန်းကျေးရွာကိုရောက်ရှိလာကာ စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"ရွာသားတွေ အသတ်ခံရတာရှိတယ်။ ဘယ်သူတွေလည်း မသိရသေးဘူး။ ရုံးပင်ကုန်းရွာကတော့ စိတ်ဝေဒနာရှင် တစ်ဦး အသတ်ခံရတယ်"ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ယနေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင် စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်း ဆက်လမ်းအနီးမှ ငါးတိုက်တောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားတချို့သည် ရုံးပင်ကုန်းရွာအတွင်းမှာပင်ရှိနေသေးပြီး တချို့သည်လည်း ရှိမ်းမကားကျေးရွာအတွင်း တပ်ဆွဲထားကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

စစ်ကောင်စီတပ်သားများသည် ၎င်းတို့လာရာလမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ သောကြောင့် ဝက်လက်မြို့နယ်ရှိ ကျေး ရွာ ၇ ရွာခန့်မှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ကလည်း မင်းရွာကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ ၁၁ ဦးကျဆုံးကာ စစ်အုပ်စုဘက်ကလည်း အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့ကြောင်း တောကြီးမြွေပွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။


Lu Nge Khit

ဝက်လက်မြို့တွင် အကြမ်းဖက်စစ်တပ်က စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို သတ်ဖြတ် ဝက်လက်မြို့တွင် အကြမ်းဖက်စစ်တပ်က စိတ်ကျန်းမာရေးချို့ယွင်းနေသူတစ်ဦးကို သတ်ဖြတ် Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.