ဘော်တွင်းသတ္တုတွင်းမှ ရဲစခန်းကို ကေအိုင်အေတပ်ဖွဲ့ တိုက်ခိုက်


နမ္မတူ - ဇူလိုင် ၅၊ ၂၀၂၂။

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္ထုတွင်းရှိ စစ်ကောင်စီရဲစခန်းကို ယမန်နေ့ နံနက် ၈နာရီခန့်က ကေအိုင်အေတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ်(KIA) တပ်မဟာ (၄)၊ တပ်ရင်း - ၃၄ က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကေအိုင်အေက ဖြတ်သွားရင်းနဲ့  RPG နဲ့ နှစ်ချက်ပစ်သွားတာ။ နှစ်ယောက်လောက်က သေတယ်ပြောတာပဲ။ မသေချာဘူး”ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်ဖြင့် ၁၅မိနစ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသူကဆက်ပြောသည်။ 

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဘော်တွင်းသတ္ထုတွင်း ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည်မှာ မှန်ကန်ကြောင်း The 74 Media ကိုပြောသည်။

ဘော်တွင်းသတ္ထုတွင်းသည် နမ္မတူမြို့မှ ၁၂ မိုင်ခန့် အကွာအဝေးတွင်ရှိပြီး မြေအောက်သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် တစ်ချိန်က ထင်းရှားခဲ့သော သတ္ထုတွင်းတစ်ခုဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ဟူနောင်ကျေးရွာအနီးတွင် ဇွန်လ ၂၆ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။


The 74 Media 

ဘော်တွင်းသတ္တုတွင်းမှ ရဲစခန်းကို ကေအိုင်အေတပ်ဖွဲ့ တိုက်ခိုက် ဘော်တွင်းသတ္တုတွင်းမှ ရဲစခန်းကို ကေအိုင်အေတပ်ဖွဲ့ တိုက်ခိုက် Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.