တောင်တွင်းကြီး၊ ဇူလိူင် ၅၊ ၂၀၂၂။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က ပျူစောထီးလို့လူသိများတဲ့ လင်မယားနှစ်ဦးကို ဇူလိူင် ၄ ရက် မနေ့ကမနက်ပိုင်းမှာ သေနတ်နဲ့ပစ်ပြီး ရှင်းလင်းခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုလှမြင့်သိန်းနဲ့ မခင်မာချိုတို့ဖြစ်ပြီး၊ သူတို့ကို တောင်တွင်းကြီး လမ်းခုလတ်တနေရာမှာ မနက် ၄ နာရီလောက်က ပစ်သတ်ခံရတာလို့ သိရပါတယ်။
" ယောင်္ကျားဖြစ်သူက ရပ်ကွက်လုံခြုံရေးအဖွဲ့ဝင်ဆိုပြီး ညတိုင်း ကင်းလှည့်ထွက်တယ်၊ သူတို့က ညဘက်ထွက်တဲ့ ပြည်သူတွေကို စစ်ကောင်စီတွေနဲ့အတူ စစ်ဆေးတယ်၊ ချိန်းခြိမ်းခြောက်တာတွေပါလုပ်တယ်၊ လင်မယား၂ ယောက်စလုံးကို သေနတ် ၈ ချက် ၁၀ ချက်လောက် ပစ်ခဲ့ရတယ်၊ "လို့ ဗိဿနိုးအဖွဲ့က ပြောပါတယ်။
အဲဒီလင်မယားဟာ အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ပြီး၊ တောင်တွင်းကြီးမြို့မှာ သပိတ်စစ်ကြောင်း စတင်ဖြိုခွင်းခံရကတည်းက စစ်ကောင်စီ လမ်းပြအဖြစ်ဆောင်ရွက်ခဲ့ကာ တော်လှန်ရေး အင်အားစုတွေရဲ့ နေရာတွေကို လိုက်လံပြသတာတွေ၊ မီးရိူ့တာတွေအပြင် အမျိုးသမီးဖြစ်သူကလည်း စစ်ကောင်စီတပ်တွေကို ထမင်းချက်ပြုတ်ကြွေးတာတွေကိုပါ လုပ်ဆောင်ခဲ့တဲ့အတွက် ခုလိုသုတ်သင်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သူတို့အဖွဲ့ဟာ Dark Phoenix Revolution Force နဲ့ ပူးပေါင်းပြီးတော့လည်း ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းမပေါ်က ဗဟန်းရဲစခန်းတခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment