ဇူလိုင် - ၅
မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲကို နယ်မြေရှင်းလင်းဖို့ အင်အား (၂၀)ခန့်နဲ့ လာတဲ့ စစ်အုပ်စုရဲ့ စစ်ကြောင်းကို ပန်းသလဲတောင်နဲ့ ကျောက်ဆည်လေးရွာကြား ထုံးဘိုတောတိုက်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ (၄)ရက် မွန်းလွဲ တစ်နာရီခန့်မှာ ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စကစ ငါးယောက် ငရဲပြည်ရောက်သွားတယ်လို့ ဖော်ပြထားပါတယ်။
“ အလောင်းတွေကိုတော့ ည (၇) နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်နဲ့ ခိုးကြောင်ခိုးဝှက် လာသယ်သွားတယ် “ လို့ နတ်ဆိုးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုဟာ ကျောက်ဆည်လေးရွာ စာသင်ကျောင်းကို တံခါးတွေဖျက်ဝင်ပြီး တပ်စွဲနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
Mandalay Free Press - MFP
မတ္တရာနယ်ထဲ နယ်မြေရှင်းဖို့လာတဲ့ စကစစစ်ကြောင်းကို ပဒေသာမိုင်းနဲ့တိုက်ခိုက်၊ စကစ ငါးယောက် ငရဲရောက်
Reviewed by THITHTOOLWIN
on
23:38
Rating:

No comments:
Post a Comment