ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ဇွန်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၄၁၀ ခန့် သေ


ဇူလိုင် ၅

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့ဝင် ၄၁၀ ခန့်သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ(ဗဟို)က ယနေ့သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် PDF ပူးပေါင်း တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စစ်ကောင်စီနှင့် နယ်ခြားစောင့်(BGF) ပူးပေါင်းတပ်ဖွဲ့များနှင့် ဇွန်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တစ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး (KNLA)၊ (KNDO)နှင့် PDF ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်က တပ်ဖွဲ့ဝင် ၁၇ ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကာ ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ တပ်မဟာ(၆)၊ ဒူပလာယာခရိုင် အတွင်းရှိ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ဥကရစ်ထဒေသတွင် ဇွန်လကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများ အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၂၇ ရက်မှ ဇွန်လ ၃၀ ရက်အထိ ၄ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၉၄ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တပ်ဖွဲ့ဝင်များသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်သဖြင့် လူနေအိမ် ၇၅ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၂ ကျောင်း ထိခိုက် ပျက်စီးခဲ့ပြီး လူနေအိမ် ၆၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ကေအဲန်ယူကဆိုသည်။


Lu Nge Khit

ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ဇွန်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၄၁၀ ခန့် သေ ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ဇွန်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၄၁၀ ခန့် သေ Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.