![]() |
(ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ဝါရီဆူးပလိုင်ကျေးရွာဖြစ်သည်။ဓာတ်ပုံ - လွိုင်ကော်PDF) |
ရှမ်း - ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ်ရှိ ဝါရီဆူးပလိုင်ကျေးရွာအား စစ်ဇုန်အဖြစ်သတ်မှတ်လိုက်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့(ဇွန် ၂၈ရက်)တွင် ထုတ်ပြန်သည်။
စစ်ဇုန်အဖြစ်သတ်မှတ်ရသည့်အကြောင်းရင်းမှာ အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူလယ်ယာများ(ဧကစုစုပေါင်း ၁၀၀၀ ကျော်ခန့်)စိုက်ပျိုးခြင်းမပြုနိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိတပ်စွဲ နေထိုင်လျက်ရှိသောကြောင့်ဟု အသိပေးသည်။
အကြမ်းဖက်စစ်ကောင်စီမှ ကာလရှည်စွာတပ်စွဲထားသည့် မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာသည် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ၊KNDF BO - 3 နှင့် အခြားသောမဟာမိတ်တပ်ဖွဲ့များမှ အစဉ်တစေ့စောင့်ကြည့်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်နေသည်။
ထို့ကြောင့် MBPDF၊ KNDFနှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ၎င်းကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီအား နည်းပေါင်းစုံဖြင့် ရိက္ခာဖြတ်တောက်နိုင်စေရန်အား လျှို့ဝှက်စွာ သဘောတူဆုံးဖြတ်ထားပြီးသားကိစ္စလည်းဖြစ်သည်ဟု ဆိုသည်။
Mission အောင်မြင်ရန် လျှို့ဝှက်သောနည်းလမ်းများဖြင့် အများပြည်သူများ သွားလာခြင်းများမပြုလုပ်ကြဖို့ အသိပေးခဲ့သော်လည်း ဆက်လက်သွားလာနေသည့်အတွက်ကြောင့် ထုတ်ပြန်ရခြင်းဟု MBPDFက သတိပေးသည်။
ထို့ကြောင့် ယနေ့မှစ၍ မည်သည့်ပြည်သူ၊ မည်သည့်အဖွဲ့အစည်းမှ ဝါရီဆူးပလိုင်ကျေးရွာအား သွားလာခြင်းများ မပြုလုပ်ကြရန်လည်း တိုက်တွန်းသည်။
"ဝါရီဆူးပလိုင်က ကျေးရွာကြီးအဆင့် ။ဒေသခံအများစုကတော့ စစ်ဘေးရှောင်နေရတာ။အ ကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားတာ ဒီနှစ်ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက"ဟု မိုးဗြဲမြို့ခံတစ်ဦးက People's Springသို့ ပြောသည်။
အကြိမ်ကြိမ်သတိပေးသည့်ကြားမှ လိုက်နာခြင်းမရှိဘဲ သွားလာခြင်းများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
People's Spring

No comments:
Post a Comment