ကြို့ပင်ကောက်၊ ဇွန် ၂၈၊ ၂၀၂၂။
ပဲခူးတိုင်း(အနောက်ခြမ်း) ကြို့ပင်ကောက်မြို့က ရာအိမ်မှူးလင်မယား အပါအဝင် ၄ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ Gyobinkauk PDFက ဇွန်လ ၂၈ ရက် ဒီကနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၂၇ ရက် မနေ့ည ၈နာရီလောက်က ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းအုပ်စု ကျောက်စရစ်ကုန်းရွာက ရာအိမ်မှူးဦးလှကြည်ရဲ့အိမ်မှာပဲ ဇနီးဖြစ်သူ ဒေါ်စန်းမြင့် တရွာတည်းသားကိုဝင်းမြင့်နဲ့ ကိုခင်ဇော် တို့သုတ်သင်ခံရတာဖြစ်ပါတယ်။
"ရာအိမ်မှူးရဲ့ အိမ်မှာ ရှင်းလင်းခဲ့တာ ရာအိမ်မှူးရယ် သူ့မိန်းမရယ် ပျူ ၂ ယောက်ရယ် နေရာမှာတင်ပွဲချင်းပြီး ၄ ဦးစလုံးက တရွာတည်းသားတွေပဲ သူတို့ ၄ယောက်က ပျူတွေဇွန်လနောက်ဆုံးပတ်မှာ ပျူဒလန်အဖွဲ့ဖွဲ့ ဖို့ဆိုပြီး အဲဒီညွှန်ကြားထားတာနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်နေတာကို သတင်းရပြီး ကျတော်တို့ကဝင်အုပ်တာ " လို့ Gyobinkauk PDFရဲ့ တာဝန်ရှိသူကပြောပါတယ်။
သူတို့ဟာ ကျေးရွာနေပြည်သူလူထုကို ရိုင်းဆိုင်းစွာ ဖိနိပ်ခြင်း ပီဒီအက်ဖ်နဲ့ ဆက်သွယ်သူတွေကို စစ်ကောင်စီထံ သတင်းပေးတာတွေလုပ်နေတယ်လို့ အကြိမ်ကြိမ် တိုင်ကြားမှုတွေရှိတာကြောင့် သုတ်သင်ခဲ့ရတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလုပ်ဆောင်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊တပ်ခွဲ ၁ ရဲ့စစ်ရေးလှုပ်ရှားမှုလို့ သ်ိရပြီး ရဲဘော်တွေ အားလုံး အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment