တန့်ဆည်နယ် အင်္ကုက္ကားရွာရှိ စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ ပျူနှင့် စစ်သား လေးဦးသေ
တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများကို PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare -K.P.K တပ်ဖွဲ့မှ ယနေ့(ဇွန် ၂၃) ထုတ်ပြန်သည်။
ယနေ့ ညနေ ၃နာရီခန့်က Guerrilla Warfare -K.P.K တပ်ဖွဲ့၊TSR၊PLA၊ PRF ၊TazeTiger ၊တပ်ရင်း - ၁၀ ၊တပ်ရင်း - ၁၆ ၊ ပကဖ နှင့် ပလဖတပ်ဖွဲများပူးပေါင်းကာ အင်္ကုက္ကားရွာတွင်တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို သွား ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။
အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရသွားပြီး PDF ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန် သည်။
ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည်နယ် အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများကို PDF ပူးပေါင်းတပ်ဖွဲ့များသွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၇ ဦးသေဆုံးခဲ့သေးသည်။
People's Spring

No comments:
Post a Comment