PDF တွေ ရဲစခန်းဝင်တိုက်လို့ စစ်အုပ်စုဘက်က အသေအဆုံးများပြီး စစ်ရဟက်ယာဥ်သုံး တိုက်ခိုက်နေရ

ဓါတ်ပုံ - God Of Myaing - People's Defence Force တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

မြိုင်၊ ဇွန် ၂၅၊ ၂၀၂၂။ 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ နယ်မြေရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဇွန်လ ၂၅ ရက်၊ ဒီကနေ့မနက် အစောပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ 

အင်အား ၄၀ နဲ့ ၆၀ အကြားရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီမနက် ၄ နာရီလောက်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခိုက်ခဲ့တာကြောင့် ၁ နာရီနီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ God Of Myaing - people's defence force ခေါင်းဆောင် ဗိုလ်စပ်ဖြီးက ပြောပါတယ်၊ 

“ကျနော်တို့ ကပ်တာကတော့ မနေ့ကည ၉ နာရီလောက်ကတည်းက စခန်းကိုကပ်တာ၊ မနက်ပိုင်း ၃ နာရီ ၅၉ မိနစ်မှာ လက်နက်ကြီးတွေနဲ့ စပစ်တယ်၊ တိုက်ခိုက်ချိန်က ၁ နာရီကြာတယ်၊ မနက် ၆ နာရီလောက်မှာ ပြန်လည်ဆုတ်ခွာလာခဲ့တယ်၊ အပြန်အလှန်ပစ်ခတ်မှုလည်းရှိတယ်၊ သူတို့လည်း မောင်းပြန်နဲ့ပြန်ပစ်တယ်၊ ကိုယ်လည်းပစ်တယ်၊” လို့ ပြောပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ များပြားခဲ့ပြီ:၊ မြေပြင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေရဲ့ ခန့်မှန်းအချက်အရ စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် ဒီအရေအတွက်နဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ဒါ့အပြင် God Of Myaing အဖွဲ့က အသက် ၂၂ နှစ်အရွယ် ရဲဘော်တဦးရဲ့ ပေါင်ကိုလည်း ကျည်ထိမှန်ခဲ့ပြီး၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတော့မရှိဘူးလို့  ဗိုလ်စပ်ဖြီးက ဆက်ပြောပါတယ်။ 

“ကျနော်တို့ခန့်မှန်းထားတာက အဲ့ဒီစခန်းမှာ အင်အားက ၄၀ နဲ့ ၆၀ ကြားမှာရှိတယ်၊ ရဲဘော်တဦးကတော့ ပေါင်မှာ ကျည်မှန်သွားတယ်၊ ဟိုဘက်ဒီဘက် ပေါက်ထွက်သွားတယ်၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး။” လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဘက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် မနက် ၁၀ နာရီလောက်မှာလည်း စစ်ရဟက်ယာဥ်သုံးပြီ: ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို Pale People’s Defence Force - Headquarters ပုလဲတပ်ရင်း(၂)၊ Guerilla Ranger ပုလဲတပ်ရင်း (၆)၊ Myaing Hero Generation၊ God Of Myaing People Defense Force၊ MPDF မုံရွာခရိုင် (၁)၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ အမိမြေ၊ 3 in 1၊ သပြေတော၊ ပေါက်မြိုင်တပ်ပေါင်းစုနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရဲဘော်တွေအနေနဲ့ ကျဆုံးမှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 


PDF တွေ ရဲစခန်းဝင်တိုက်လို့ စစ်အုပ်စုဘက်က အသေအဆုံးများပြီး စစ်ရဟက်ယာဥ်သုံး တိုက်ခိုက်နေရ PDF တွေ ရဲစခန်းဝင်တိုက်လို့ စစ်အုပ်စုဘက်က အသေအဆုံးများပြီး စစ်ရဟက်ယာဥ်သုံး တိုက်ခိုက်နေရ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.