တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပျူစောထီးတွေကို ဒေသကာကွယ်ရေး PDFတွေ ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီတပ်နဲ့ပျူစောထီအဖွဲ့ဝင် ၂၅ဦးခန့်သေဆုံး

ဓါတ်ပုံ - PDF Tamu - တပ်ရင်း ၃

ဇွန် ၂၃

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံပျူစောထီးအဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေး PDFတပ်ဖွဲ့တွေဖြစ်တဲ့ တမူး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၁) ၊ တပ်ရင်း (၂) နှင့် Special Task Force အဖွဲ့ဝင်တွေ ပူးပေါင်းပြီး မနေ့က (ဇွန်လ ၂၂ရက်) ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ၂၅ဦးသေဆုံးပြီး အများအပြား ဒါဏ်ရာ၇ရှိသွားတယ်လို့ တမူး PDFတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

မနေ့က မနက် ၁၀နာရီ ၃၀မိနစ်က စတင်ပြီး ပန်းသာကျေးရွာအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူးစောထီးအဖွဲ့ဝင်တွေကို စွန်ရဲစစ်ဆင်ရေး အမည်နဲ့ ဒေသခံPDFတွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့  တမူးPDF တပ်ရင်း ၃က ဆိုပါတယ်။

တိုက်ပွဲအတွင်း ပန်းသာကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေဟာ ရွာထဲက နှစ်ထပ်အိမ်တွေရဲ့ နေအိမ်အောက်ထပ်မှာ ကြိုတင်ဆောက်လုပ်ထားတဲ့ကတုတ်ကျင်းတွေ၊ အပေါ်ထပ် ဘန်ကာတွေကနေ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ တမူးမြို့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကား ၂စီးနဲ့ စစ်ကူလာခဲ့တယ်လို့လည်း တမူးPDF တပ်ရင်း ၃ကဆိုပါတယ်။

ညနေ ၄နာရီ မိနစ် ၂၀အထိ ပြင်းထန်စွာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံပျူစောထီး ၂၅ဦးသေဆုံးပြီး အများအပြားဒါဏ်ရာရရှိကာ မန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားခဲ့ကြတယ်လို့ တမူးPDF တပ်ရင်း ၃က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း PDFတပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး မစိုရိမ်ရဘူးလို့လည်း တမူးPDFတပ်ရင်း၃ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးဟာ ပြီးခဲ့တဲ့နှစ်က ပန်သာကျေးရွာက ပျူစောထီးတွေ ပစ်ခတ်မှုကြောင့် ကျဆုံးသွားရတဲ့ရဲဘော်စွန်ရဲ ကို ဂုဏ်ပြု့ပြီး ပွင့်ဖြူမှာ ကျဆုံးသွားတဲ့ ညီနောင်ရဲဘော်တွေအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ စွန်ရဲစစ်ဆင်ရေးလို့ အမည်ပေးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


မျက်မှောက်ခေတ် 

တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပျူစောထီးတွေကို ဒေသကာကွယ်ရေး PDFတွေ ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီတပ်နဲ့ပျူစောထီအဖွဲ့ဝင် ၂၅ဦးခန့်သေဆုံး တမူးမြို့နယ် ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပျူစောထီးတွေကို ဒေသကာကွယ်ရေး PDFတွေ ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီတပ်နဲ့ပျူစောထီအဖွဲ့ဝင် ၂၅ဦးခန့်သေဆုံး Reviewed by THITHTOOLWIN on 00:22 Rating: 5

No comments:

Powered by Blogger.