ဇွန် ၂၂ ၊ ၂၀၂၂။
စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာ မှာ PDF အဖွဲ့များဝိုင်းတိုက်လို့ စစ်ကောင်စီ ဒုရဲမှူးအပါအဝင် ၁၄ ဦးသေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီကနေ ၁၁ နာရီအထိ အချိန်ယူကာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ၃ ပွင့် ရဲမှူး၊ တပ်ကြပ်ကြီးတယောက် အပါအဝင် ၁၄ ဦးကို တိုက်ခိုက်ရှင်းလင်းနိုင်ခြင်းဖြစ်ပြီး ဖောကားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
"အဲဒီကားပေါ်မှာ ၃ ပွင့်တယောက်ပါတယ်၊ တပ်ကြပ်ကြီးတယောက်ပါတယ်၊ ကားလဲသိမ်းနိုင်တဲ့အပြင် အားလုံး ၁၄ ယောက်ကျဆုံးတယ်၊ သူတို့အဖွဲ့တွေက ရွာတိုင်းကိုမီးရှို့နေတာကြောင့် သူတို့ခန့်မှန်းအင်အားကိုသိလို့တိုက်ခိုက်ခဲ့တာ၊ အင်အားနည်းတယ်သိလို့လည်း ပစ်ခတ်ခဲ့တာ၊ ပွင့်ဖြူမှာကျဆုံးသွားတဲ့ရဲဘော်တွေအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့လည်းတိုက်တာပါ" လို့ N.L.G.R.F အဖွဲ့က သခင်ချစ်ကပြောပါတယ်။
စစ်အုပ်စုအား N.L.G.R.F အဖွဲ့ ၊ ရောင်နီပျောက်ကြားအဖွဲ့၊ မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြား Local အဖွဲ့စည်းများ ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan

No comments:
Post a Comment