မိုးဗြဲမြို့ ဝါရီဆူးပလိုင်းကျေးရွာကို စစ်နယ်မြေအဖြစ် PDF သတ်မှတ်


ဇွန် ၂၉ 

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ဝါရီဆူးပလိုင်းကျေးရွာထဲတွင် စစ်ကောင်စီမှ တပ်စွဲထားသောကြောင့် မိုးဗြဲ PDF မှ စစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း အသိပေး ကြေညာလိုက်သည်။

ထိုဝါရီဆူးပလိုင်းကျေးရွာကို ယမန်နေ့ ( ဇွန် ၂၈) ရက်မှစပြီး စစ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည့်အတွက် ပြည်သူများအနေဖြင့်လည်း ထိုကျေးရွာအတွင်း ဖြတ်မသွားရန် PDF များက သတိပေးထားကြောင်း သိရသည်။ 

“ဟုတ်တယ်။ အဲ့နေရာကို မနေ့ကမှ စစ်နယ်မြေအဖြစ်သတ်မှတ်လိုက်တာ။ PDF တပ်ဖွဲ့ကနေပြီးတော့ပဲ သတ်မှတ်လိုက်တာပါ။ ပြီးတော့ အဲ့နားမှာ စစ်ကောင်စီတွေ တပ်စွဲထားတယ်လို့ပြောတယ်”ဟု မိုးဗြဲမြို့ ဒေသခံ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ 

အဆိုပါ ဒေသသည် စစ်ကောင်စီ တပ်စွဲထားသည့်အတွက် ပြည်သူများ နေရပ်ပြန်ပြီး လယ်ယာစိုက်ပျိုးရေး မလုပ်နိုင်ကြောင်း သိရသည်။ 

“သူတို့က အဲ့နားမှာ တပ်စွဲပြီး နေနေတာကြာနေပြီ။ ပြည်သူတွေလည်း မပြန်ရဲဘူး။ အဲ့နားဒေသက လယ်ယာဆန်စပါးတွေ အများဆုံးစိုက်တဲ့ ဒေသဖြစ်တယ်။ အခုက ဘယ်သူမှ လယ်ယာတွေ မစိုက်နိုင်တော့ဘူး” ဟု ၎င်း လူငယ်က ပြောသည်။

ဝါရီဆူးပလိုင်းကျေးရွာထဲကို ပြည်သူများအနေဖြင့် ဖြတ်မသွားရန်နှင့် အကယ်၍ ဖြတ်သွားပါက မိမိလုံခြုံရေးအတွက်ကိုလည်း တာဝန်ယူသွားမည်မဟုတ်ကြောင်း မိုးဗြဲ PDF က ထုတ်ပြန်ထားသည်။ 

လက်ရှိ စစ်ကောင်စီသည် ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့အတွင်းရှိ ကျေးရွာများထဲတွင် တပ်စွဲထားပြီး နေထိုင်ထားကြောင်း သိရသည်။


SHAN News (Burmese Version) 

မိုးဗြဲမြို့ ဝါရီဆူးပလိုင်းကျေးရွာကို စစ်နယ်မြေအဖြစ် PDF သတ်မှတ် မိုးဗြဲမြို့ ဝါရီဆူးပလိုင်းကျေးရွာကို စစ်နယ်မြေအဖြစ် PDF သတ်မှတ် Reviewed by THITHTOOLWIN on 23:00 Rating: 5

No comments:

Powered by Blogger.