မတ္တရာနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မတ္တရာ ပကဖ နှင့် မန္တလေး PDF ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်၊ စကစ (၁၀)ယောက် သေ ဟုဆို

ဇွန် - ၁၂

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားနှစ်စီးကို ဒီကနေ့ နေ့လည်ပိုင်းမှာ မတ္တရာ ပကဖ နှင့် မန္တလေး PDF တို့ ပူးပေါင်းပြီး မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စကစ (၁၀)ဦးထက်မနည်း သေနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - မတ္တရာမြို့နယ် (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ် ရေကြည်ကျေးရွာအုပ်စု တောင်နီတောင်ခေါင်း ဒေသဘက် ဝင်မွှေသောင်းကျန်းပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားနှစ်စီးကို ဒီကနေ့ ဇွန်(၁၂)ရက် နေ့လည်(၂)နာရီကျော်မှာ မတ္တရာမြို့နယ် အရှေ့ပိုင်း ကင်းရွာအနီးက ကျောက်ကြမ်းတောင်အနီးမှာ မတ္တရာ ပကဖ နှင့် Mandalay People’s Defence Force (ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး) – PDF မန္တလေးတို့ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပြင်းထန်သော ပဒေသာမိုင်း အမျိုးအစားဖြစ်ပြီး စစ်ခွေး (၁၀)ဦး ပွဲချင်းပြီး သေကာ ပြင်းထန်ဒဏ်ရာရသူ ရှိနိုင်ကြောင်း မြေပြင်သတင်းများအရ အတည်ပြုနိုင်ခဲ့သည်” လို့ မတ္တရာ ပကဖ က ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး ဒေသခံပြည်သူတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးငွေညှစ်တာ၊ နေအိမ်မီးရှို့တာ၊ ကျေးရွာတွေကို ဝင်စီးပြီး ဒေသခံပြည်သူတွေရဲ့ တန်ဘိုးကြီး ပစ္စည်းတွေကို ဓားပြတိုက်လုယက် ခိုးယူတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

မတ္တရာနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မတ္တရာ ပကဖ နှင့် မန္တလေး PDF ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်၊ စကစ (၁၀)ယောက် သေ ဟုဆို မတ္တရာနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မတ္တရာ ပကဖ နှင့် မန္တလေး PDF ပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်၊ စကစ (၁၀)ယောက် သေ ဟုဆို Reviewed by THITHTOOLWIN on 22:44 Rating: 5

No comments:

Powered by Blogger.