![]() |
ဓာတ်ပုံ - မကွေးတိုင်းစစ်ကောင်စီလူမှုကွန်ယက် |
ဇွန်လ ၁၃ ရက်
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ငဖဲမြို့နယ်အတွင်း စစ်ကောင် စီတပ်ရဲ့ ပဒါန်းတပ်နယ်ကို PDF တွေအလင်းဝင်ရောက် လာတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေ ဖော်ပြနေတဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုကွန်ယက်မှာ ဇွန်လ ၁၃ ရက် ဒီကနေ့ ညနေပိုင်းက ဖော်ပြလာပါတယ်။
အဲ့ဒီPDF ဆိုသူ ၉ ဦးကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က အမြောက် တပ်မမှူး ဗိုလ်မှူးချုပ် မျိုးသန့်က အမှာစကားပြောကြားပြီး ငွေကျပ်တသိန်းစီထောက်ပံကာ မိဘတွေဆီပြန်လည်အပ်နှံခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီက အခုလိုဝါဒဖြန့်ဖော်ပြတာတွေနဲ့ပတ်သက်လို့ မကွေးတိုင်း၊ငဖဲမြို့နယ်အပါအဝင် ဧရာဝတီမြစ်အနောက်ခြမ်းမှာလှုပ်ရှားတော်လှန်နေတဲ့ People Revolution Alliance -Magway တပ်ဖွဲ့က အခုလိုတုန့်ပြန်ပြောဆိုပါတယ်။
'' စစ်ကောင်စီဖော်ပြထားတဲ့ လူ ၉ ဦးဟာ ကျနော်တို့ PRA မကွေးအပါအဝင် ကျနော်တို့ မဟာမိတ်တပ်ဖွဲ့ဝင်တွေအားလုံးရဲ့လက်အောက်မှာ တော်လှန်နေတဲ့သူတွေလုံးဝမဟုတ်ပါဘူးဗျ။ နောက်ပြီးဘာစစ်သင်တန်းမှတက်ထားတဲ့သူတွေလည်းမဟုတ်ပါဘူး။ လိမ်လည်ဝါဒဖြန့်နေတာပါ။ ဒီလူတွေဟာ ဘလိုလူမျိုးတွေလည်းဆိုတာကို ငဖဲမြို့နယ်သူ၊ မြို့ နယ်သားတွေအားလုံးကလည်း ကောင်း ကောင်းသိ၊နားလည်ကြပါတယ်'' လို့ PRA မကွေးတာ ဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီအနေနဲ့ PDF မဟုတ်တဲ့သူတွေကိုဖော်ပြပြီး တော်လှန်ရေးအင်အားစုတွေ စိတ်ဓာတ်ပျက် ပြားနေပြီ၊ မြေပြင်PDF တွေသူတို့ဘက်ကို ပူးပေါင်းပါဝင်လာပြီဆိုပြီး ပြည်သူများအထင်အမြင်လွဲမှားအောင် ဝါဒဖြန့်ချီခြင်းသက်သက်သာဖြစ်တယ်လို့ သူကဆက်လက်ပြောပါတယ်။
စစ်ကောင်စီက PDF တွေ လက်နက်ချ အလင်းဝင်ပြီး ပြည်သူဘဝခံယူဖို့ ဇွန်လ ၁၀ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပြီးတဲ့နောက် အခုလိုဝါဒဖြန့် ဖော်ပြလာတာဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့မေလနဲ့ ဇွန်လဆန်းပိုင်းမှာလည်း မန္တ လေး(နန်းတွင်း)နဲ့ ကလေးမြို့ တို့မှာ PDF တွေအလင်းဝင်လာတယ်ဆိုပြီး စစ်တပ်ထောက်ခံတဲ့အသိုင်းအဝိုင်းမှာ ဓာတ်ပုံတွေနဲ့တကွ ဝါဒဖြန့်ဖော်ပြခဲ့ပါသေးတယ်။
Ayeyarwaddy Times

No comments:
Post a Comment