MRA တော်လှန်ရေးအဖွဲ့ကို စကစတပ်သားများဟု အထင်မှား ကြိုဆိုသည့် ပျူအုပ်စု ရှင်းလင်းခံရ


မြင်းခြံ၊ ဇွန် ၂၀

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကွေ့ကြီးကျေးရွာရှိ ပျုဒလန်များကို ဇွန် ၁၆ ရက်က သွားရောက် ရှင်းလင်းရာ ပျုစောထီး ၆ ဉီး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRA မှ သိရသည်။

"ကျွန်တော်တို့က စခ အယောင်ဆောင်တာတော့ မဟုတ်ဘူးဗျ။ ကျွန် တော်တို့ ဝတ်စုံကိုပဲ ဝတ်သွားတာပါ။ ဒီကောင်တွေကိုက ယူနီဖောင်းမြင်ရင် စစ်သားထင်နေတာက တစ်ကြောင်း၊ PDF လို့ မြင်တာနဲ့ တူမီး သေနတ်ပဲ ကိုင်နိုင်တယ် တွေးလို့ ဖြစ်မယ်ထင်တယ် " ဟု MRA တာဝန်ခံ ကိုစိန်ကျော်က လူငယ့်ခေတ် သို့ ပြောသည်။

MRA ရဲဘော်များသည် ပြီးခဲ့သည့် ဇွန် ၁၆ ရက် ညပိုင်းက ကွေ့ကြီးကျေးရွာရှိ ပျုခေါင်းဆောင် အုန်းမြင့်ကို ရှင်းလင်းရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရွာအဝင်၌ ကင်းပုန်းဝတ်နေသည့် ပျုများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် MRA ရဲဘော် များမှ "မင်းတို့ရွာ ငါတို့ လာတာကို ဒီလို ဧည့်ခံတာလားကွ" ဟု  ကြိမ်းမောင်းပြောဆိုလိုက်ကြောင်း၊ ပျုစောထီးများမှ စစ်ကောင်စီတပ်ဖဲွ့ဝင်များဟု ထင်မှတ်သွားကာ ဗိုလ်ကြီးတို့အုပ်စုမှန်း မသိသဖြင့် ခွင့်လွှတ်ပေးရန် ဆက်တိုက် တောင်းပန်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း MRA မှ သိရသည်။

 MRA အဖွဲ့သားများမှ ပျုခေါင်းဆောင်အုန်းမြင့် အပါအဝင် လက်ထောက်ခေါင်းဆောင်များကို ထွက်လာရန် ပြောဆိုခဲ့ရာ ၎င်း ပျုများထွက်လာချိန်တွင် တော်လှန်ရေးတပ်သားများမှ လက်ဉီးမှု ရယူ ပစ်ခတ်ခဲ့ပြီး ထပ်မံ ေရာက်ရှိလာသည့် ပျုအုပ်စု အကြားကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပျူခေါင်းဆောင်များဖြစ်ကြသည့် အုန်းမြင့်၊ အောင်ကျော်ဆန်းနှင့် အောင်လွင် အပါအဝင် ပျူစောထီး ၆ ဦး သေဆုံးခဲ့ပြီး ပျုစောထီးများစွာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များဘက်မှ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း MRA အဖဲွ့ထံမှ သိရသည်။


Lu Nge Khit

MRA တော်လှန်ရေးအဖွဲ့ကို စကစတပ်သားများဟု အထင်မှား ကြိုဆိုသည့် ပျူအုပ်စု ရှင်းလင်းခံရ MRA တော်လှန်ရေးအဖွဲ့ကို စကစတပ်သားများဟု အထင်မှား ကြိုဆိုသည့် ပျူအုပ်စု ရှင်းလင်းခံရ Reviewed by THITHTOOLWIN on 00:38 Rating: 5

No comments:

Powered by Blogger.