![]() |
ဓာတ်ပုံ - Taw Oo Karen News |
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂) တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လေးဦးသေဆုံးခဲ့ကြောင်း KNU/ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
“မနေ့ညတုန်းက ထန်းတပင်မြို့နယ် နတ်ရွာကျေးရွာမှာ ကင်းလှည့်နေတဲ့အဖွဲ့ကို ကျွန်တော်တို့ KNLAရယ် PDFရယ် ပူးပေါင်းအဖွဲ့ကနေ သွားရောက် တိုက်ခိုက်တာ စစ်ကောင်စီတပ်က လေးယောက် သေတယ်”ဟု ၎င်းက ပြောကြားသည်။
တိုက်ပွဲမှာ ၁၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး KNU/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း အဆိုပါ ရဲဘော်က ပြောကြားသည်။
ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ၊ စစ်ယာဉ်တန်းမျာကို KNU/PDF ပူးပေါင်းတပ်က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။
People's Spring
ထန်းတပင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းကို KNLA/PDF တိုက်ခိုက်၊ စစ်ကောင်စီတပ် လေးဦးသေ
Reviewed by THITHTOOLWIN
on
23:17
Rating:

No comments:
Post a Comment