စစ်တပ်ရိက္ခာပို့ကားနှင့် KNDF အဖွဲ့ဝင်များ ယနေ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အကြမ်းဖက်စစ်သား (၄) ဦးသေ

Photo : KNDF

လွိုင်ကော်၊ ဇွန် (၃၀)

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်-လောပိတလမ်းပေါ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ ရိက္ခာပို့ကားတစ်စီးနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး အကြမ်းဖက်စစ်သား (၄) ဦးကို ရှင်းလင်းနိုင်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ညပိုင်းတွင် သိမ်းဆည်ရမိခဲ့သည့် ပစ္စည်းများနှင့်အတူ ထုတ်ပြန်လိုက်သည်။

လောပိတအမှတ်(၂) သင်္ဘောပင်စခန်းနှင့် ဒန်းဦးဘုရားကျောင်းကြား လမ်းမပေါ်၌ KNDF တပ်ရင်းအမှတ်(၁၀)မှ ကင်းလှည့်လှုပ်ရှားမှု ပြုလုပ်နေစဉ် စစ်ကောင်စီကားနှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲမှာ နံနက် (၈:၄၅)မိနစ် မှ (၉:၀၅)မိနစ်ထိ ကြာမြင့်ခဲ့ပြီး တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး စုစုပေါင်း (၄) ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ပွဲအပြီး ယာဉ်ပေါ်ပါသည့် တပ်ရေးဗိုလ်ကြီး ကိုင်ဆောင်သည့် ၉ မမ ပစ္စတို သေနတ်(၁)လတ် ၊ ကျည် (၁၂)တောင့်နှင့် ဖုန်း (၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး KNDF ဘက်မှ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ လောပိတအခြေစိုက် အမှတ်(၇၂)တပ်ရင်းက တိုက်ပွဲ ဖြစ်ပွားရာအနီးရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် လေးအိမ်စုရွာအတွင်း လက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးသွားကြောင်းလည်း သိရသည်။ 


Lu Nge Khit

စစ်တပ်ရိက္ခာပို့ကားနှင့် KNDF အဖွဲ့ဝင်များ ယနေ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အကြမ်းဖက်စစ်သား (၄) ဦးသေ စစ်တပ်ရိက္ခာပို့ကားနှင့် KNDF အဖွဲ့ဝင်များ ယနေ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အကြမ်းဖက်စစ်သား (၄) ဦးသေ Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.