ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃၀ခန့် သေဆုံးကြောင်း KLG PDF ပြော
![]() |
(ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KLG တပ်ဖွဲ့ဝင် ရဲဘော်များ) |
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၌ စစ်ကောင်စီ စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက် ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃၀ခန့် သေဆုံးကြောင်း KLG PDF က ထုတ်ပြန်သည်။
ယနေ့(မေ ၃၁ ရက်) နံနက် ၇နာရီခန့်က ကနီမြို့ပေါ်မှအင်အား ၈၆ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို မင်းကုန်းရွာနှင့်ညောင်ပင်ဝန်းကျေးရွာကြားတွင် KLG PDF ၊MPDF၊ Dragon Brothers Task Force-DBTF၊Yoma Fighter(Yinmarbin PDF)၊Spring Gurellia Platoon(နွေဦးပျောက်ကြားတပ်စု)၊People Defence Army Yin marbin နှင့် ဒေသခံ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲမှာ နံနက် ၇နာရီ မှ နေ့လည် ၂ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ပြားသည့် စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ပစ်ကူခဲ့ကြောင်း အသိပေးသည်။
တိုက်ပွဲဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်လေးဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယနေ့တိုက်ပွဲ ဖြစ်စဥ်ကို KLG PDF ၏ ပြန်ကြားရေးတာဝန်ခံ၏ ဖုန်းနံပါတ်နှစ်ခုသို့ People's Springက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းများပိတ်ခံထားရသည်။
ကနီမြို့နယ်အပါအဝင်စစ်ကိုင်းတိုင်းရှိ မြို့နယ် များ၌ အကြမ်းဖက်စစ်တပ်က ဆက်သွယ်ရေး လိုင်းများပိတ်ပင်ပြီးနောက် သာလွန်အင်အား များဖြင့် စစ်ကြောင်းထိုးနေသည်။
ယင်းမာပင်မှတဆင့် ကနီမြို့နယ်သို့ အင်အား ၁၀၀ကျော်ဖြင့် စစ်ကောင်စီက ယခုလ ဒုတိယပတ်ကစ၍ စစ်ကြောင်းထိုးခဲ့သည်။
ထို့ကြောင့် မေလ ၁၅ရက်က ကနီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် သုံးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးကြောင်း ကာကွယ် ရေးတပ်များက သီးခြားစီ ထုတ်ပြန်ထားကြသည်။
People's Spring

No comments:
Post a Comment