ဗန်းမောက်တွင် KIA ၊ PDF တပ်နှင့် စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦး သေဆုံးကာ ၅ ဦး အရှင်ဖမ်းမိ၊ လက်နက်များ သိမ်းဆည်းရမိ
![]() |
ဓာတ်ပုံ- KIA ၊ PDF ပူးပေါင်းတပ်သားတချို့။ |
ရန်ကုန်၊ ဇွန် ၂၉
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် KIA ၊ PDF တပ်နှင့် စစ်တပ်တိုက်ပွဲ ဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ၅ ဦး အရှင်ဖမ်းမိကြောင်း၊ လက်နက်များ သိမ်းဆည်းရမိကြောင်း Banmauk Revolution - BR က တရားဝင် သတင်း ထုတ်ပြန်သည်။
ဇွန်လ ၂၈ ရက်နေ့ ညပိုင်းနှင့် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် စီးမော် - သောင်ကြီး အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KIA ၊ ကသာတပ်ရင်း ၂ (ဗန်းမောက် PDF၊ အင်းတော်PDF) ၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များ ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပါကြောင်း ၊ ဓာတ်ပုံ များကို လုံခြုံရေးအတွက် လက်ရှိအချိန်တွင် မပြသသေးဘဲ သင့်လျော် သောအချိန်တွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မျက်မှောက်ခေတ်

No comments:
Post a Comment