ပင်းတယ - ရွာငံ ဖြတ်လမ်း(တောင်ပေါ်ကြီး)အား ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ချိုးဖြူပြောက် ကျားတပ်ဖွဲ့( JPGF)မှ အရေးပေါ်ကြေညာချက် ယနေ့ (ဇွန် ၂၉)ထုတ်ပြန်သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ - ရွာငံ ဖြတ်လမ်း(တောင်ပေါ်ကြီးလမ်း)အား ယနေ့ (ဇွန်လ၂၉)မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ဖော်ပြသည်။
"မိမိတို့ပြောက်ကျားတပ်ဖွဲ့များအနေဖြင့် ထို (တောင်ပေါ်ကြီး)လမ်းတွင် ဖြန့်သန်းသွားလာနေသော စကစ ယဥ်တန်းများအား မိုင်းဆွဲတိုက် ခိုက်ဖြင်း ၊ခြုံခိုတိုက်ခိုက်ခြင်းများ အလျင်းသင့်သလိုလုပ်ဆောင်သွားမည်ဖြစ်ပါသောကြောင့် မိဘပြည်သူ မော်တော်ယဥ်များများအနေဖြင့် ထိုလမ်းအားဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပါသည်"ဟု JPGF က ထုတ်ပြန်သည်။
အဆိုပါလမ်းပိုင်းအား အကြောင်းအမျိူးမျိုးကြောင့် အရေးပေါ်ဖြတ် သန်းသွားလာရမည်ဆိုပါက ကားများအားမှန်ချမောင်းပေးကြရန်နှင့် စစ်ကောင်စီတပ် ယဥ်တန်းများဟုယူဆရသောကားများနှင့် အနည်းဆုံး ကိုက် ၃၀၀ အကွာမှ ဝေးဝေးရှောင်၍မောင်းနှင်ကြရန်မေတ္တာရပ်ခံထားသည်။
ဓနုဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ထားသည့် ချိုးဖြူပြောက်ကျားတပ်ဖွဲ့( JPGF) သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီအားတိုက်ခိုက်မှုအရှိန်မြှင့်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဓနု၊ တောင်ရိုး၊ ပအို့၊ ရှမ်း၊ ဂေါ်ရခါးအပါအဝင် တိုင်းရင်းသားမျိုးစုံ စုစည်းထားသည့်အဖွဲ့ဖြစ်သည်။
ပင်းတယတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားနေသည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးကျော်ငြိမ်းကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ဇွန် ၁၈ ရက်တွင် သုတ်သင်ရှင်းလင်းခဲ့သည်။
ယနေ့နံနက်ပိုင်းကလည်း ပင်းတယ- ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခြင်းဟု သတင်းများထွက်ပေါ်နေသည်။
"ပြည်သူ့ရဲဘော်တွေကြောင့်တော့လမ်းပန်းဆက်သွယ် ရေး အခက်အခဲမရှိဘူး။ ဂိတ်ဖွင့်စားနေတဲ့ စစ်ကောင်စီကြောင့်သာ ခရီးသွားတွေ အခက်အခံတွေ့တာ။ အခုလို လမ်းကို သွားလာခွင့်ကန့်သတ်တာ ကြိုဆိုတယ်။ ဓနုဒေသဟာ တော်လှန်ရေးအတွက် ပိုတက်ကြွနေပြီ"ဟု ဓနုတိုင်းရင်းသားတစ်ဦးက ပြောသည်။
People's Spring

No comments:
Post a Comment