ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ GOD က အဆိပ်ငွေ့စစ်ဆင်ရေးအသွင် တော်လှန်လှုပ်ရှားတော့မည်ဟု ကြေညာ


ရန်ကုန်၊ ဇွန် ၂၉

ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Gods Of Death အဖွဲ့အနေဖြင့် ရန်ကုန်မြို့ကို ယာယီစွန့်ခွာမည်ဖြစ်ပြီး အဆိပ်ငွေ့စစ်ဆင်ရေးအသွင်ဖြင့် အထိုင်မြို့နယ်၊ ဒေသစွဲမထားတော့ဘဲ တော်လှန်ရေး လှုပ်ရှားမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

" နေထိုင်မှု ဘတ်ဂျက်အပိုင်း လှုပ်ရှားဖို့ အတွက် ကျနော်တို့မချောင်တော့တာရယ်၊ အဖွဲ့သားတွေစာရင်းနဲ့ပုံတွေ ပေါက်ကြားမှုလေး တွေရှိတော့ ဒီမျက်နှာတွေနဲ့ လှုပ်ရှားဖို့ အဆင်မပြေလို့ ပြေရာနေရာ လှည့်ပတ် လှုပ်ရှားတဲ့သဘောပါ " ဟု Gods Of Death အဖွဲ့ ခေါင်းဆောင် ရဲခေါင်က လူငယ့်ခေတ်သို့ပြောသည်။

အဖွဲ့အနေဖြင့် ရန်ကုန်မြို့ ကို ယာယီ စွန့်ခွါမည်ဖြစ်သော်လည်း အခွင့်အရေး ရသည့်အခါ  ပြန်လာမည်ဖြစ်ကြောင်း၊ ရောက်ရာ အရပ်၌ ပစ်တိုင်းထောင်အနေဖြင့် ရပ်တည်သွားမည်ဖြစ်ပြီး စစ်အသုံးစရိတ် နှင့် ရိက္ခာများ လိုအပ်နေခြင်းကြောင့် ထောက်ပို့အင်အားများလည်း လိုအပ်နေကြောင်း သိရသည်။

Gods Of Death အဖွဲ့ မှာ ရန်ကုန်မြို့ပြတော်လှန်ရေးအနေဖြင့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် စသည့်နေရာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ပတ်သက်ဆက်နွယ်သူများ စသည်တို့ကို ရသည့် နည်းလမ်းများဖြင့်  တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ပျောက်ကျားအဖွဲ့ တဖွဲ့ဖြစ်သည်။


Lu Nge Khit

ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ GOD က အဆိပ်ငွေ့စစ်ဆင်ရေးအသွင် တော်လှန်လှုပ်ရှားတော့မည်ဟု ကြေညာ ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ GOD က အဆိပ်ငွေ့စစ်ဆင်ရေးအသွင် တော်လှန်လှုပ်ရှားတော့မည်ဟု ကြေညာ Reviewed by THITHTOOLWIN on 23:12 Rating: 5

No comments:

Powered by Blogger.