DRPA က ဒရုန်းနဲ့တိုက်ခိုက်လို့ ဒီပဲယင်းစစ်ဆေးရေးဂိတ်က စစ်ကောင်စီ ၁ ဦးသေ ၄ ဦးဒဏ်ရာရ


ဒီပဲယင်း၊ ဇွန် ၃၀ ၊၂၀၂၂။

စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့အဝင်စစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၉ ရက် မနေ့ညနေ ၃ နာရီလောက်က DRPA အဖွဲ့က ဒရုန်းအသုံးပြုကာ M9 (အီမီဂါ) တလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ၁ ဦးသေကာ ၄ ဦးဒဏ်ရာရရှိ သွားပါတယ်။

ဒီပဲယင်းမြို့အဝင် အရှေ့ဘက်ခြမ်းက အင်အား ၁၅ ဦးလောက်ရှိတဲ့ ကျွန်ပင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

"မြို့ဝင် ကျွန်းပင်ဂိတ်မှာ ဒီကောင်တွေ ဂိတ်ရယ် တန်းလျားရယ် တွဲဆောက်ထားတာ အင်အား ၁၅ ဦးလောက်ရှိတယ်  ၆ ယောက် ၇ ယောက်လောက်က ရှေ့ဂိတ်ကင်းတဲမှာ စောင့်နေတာ သူတို့အဲ့မှာအမြဲ လမ်းကြေးကောက်တာတို့ လူစစ်တာ ဖုန်းစစ်တာ လိုင်စင်စစ်တာတွေ လုပ်နေကြဗျ ကျွန်တော်တို့က drone နဲ့ M9(အိနာဂါ) တလုံးချိတ်ပြီး ဗုံးသွားပစ်တာ ဗုံးသီးက ဂိတ်ကင်းစောင့်နေတဲ့ စစ်ကောင်စီ အဖွဲ့ဝင် ၇ယောက်လောက်ကြားထဲ ကျသွားတာ ၁ ယောက်ကတော့ ပွဲချင်းပြီး ၄ ယောက်က အပြင်းအထန်ဒဏ်ရာရပြီး ဆေးရုံရောက်သွားတယ်လို့ မြေပြင်သတင်းအရ သိရတယ် ၂ ဦးလောက်က အသေးစားဒဏ်ရာရတယ်" လို့ DRPAက တာဝန်ရှိသူက ပြောပါတယ်။ 

DRPA အဖွဲ့ဟာ စစ်အာဏာရှင်စနစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေသလို တဖက်ကလည်း  ပြည်သူလူထုက လှူဒါန်းတဲ့ငွေတွေနဲ့ ပြည်သူလူထုကို ပြန်လည်ကူညီနိုင်ရေးအတွက် ဒေသခံတွေနဲ့ လုပ်ငန်းစဥ်တွေချမှတ်ကာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

DRPA က ဒရုန်းနဲ့တိုက်ခိုက်လို့ ဒီပဲယင်းစစ်ဆေးရေးဂိတ်က စစ်ကောင်စီ ၁ ဦးသေ ၄ ဦးဒဏ်ရာရ DRPA က ဒရုန်းနဲ့တိုက်ခိုက်လို့ ဒီပဲယင်းစစ်ဆေးရေးဂိတ်က စစ်ကောင်စီ ၁ ဦးသေ ၄ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.