CDF-Mindat နှင့် စကစ ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွား၊ စကစ ဘက်မှ (၄)ကောင် သေဆုံးပြီး CDF-Mindatဘက်မှလဲ တစ်ဦး ကျဆုံးခဲ့ကြောင်းသိရ
29.9.2022(Wed)
7:30(pm)
CDF-Mindat ဘက်မှ ထုတ်ပြန်ချက်
ယနေ့ ညနေ၂နာရီအချိန် တွင် CDF-Mindat နှင့်စကစ တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စကစဘက်မှ တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းသိရသည်။
ယင်းနောက် ညနေ ၃ နာရီအချိန် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာမှ စကစ ဘက်မှ ၃ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်းသိရပါသည်။
မိမိတို့ CDF-Mindat ဘက်မှ ရဲဘော်တစ်ဦး လက်နက်ကြီး ထိမှန်ကာ ပြန်ဆုတ်ခွာလာသည့်လမ်း၌ တိုင်းပြည်နှင့်လူမျိုး အတွက်အသက်ပေးသွားခဲ့ပြီး ရဲဘော်တစ်ဦးမှာလဲ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိကြောင်း ဗျူဟာမှူးမှ သတင်းပေးပို့လာပါသည်။
ထီးလင်းမြို့နယ် အောင်းရွာ ကထွက်လာတဲ့စကစများမှာမင်းတပ်မြို့နယ် ပလုံတွီရွာ တွင်ညနေ၆နာရီခန့်က ဝင်ရောက်တပ်စွဲသွားကြပါသည်။
ဆက်လက်ပြီး မင်းတပ်မြို့နယ် တွင် တိုက်ပွဲပြင်းထံလာနိုင်သည့်အခြေနေရှိသည့်အတွက် လိုအပ်သည့်အကူညီများကို ဝိုင်းဝိုင်း ကူညီပံ့ပိုး ပေးကြပါရန် အကူညီတောင်းခံအပ်ပါသည်။
CDF-Mindat(သတင်းနှင့်ပြန်ကြားရေးဌာန)
𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

No comments:
Post a Comment