လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထဲကို သွယ်တန်းထားတဲ့ ပင်မဓါတ်အားတိုင်ကို ဖြိုချဖျက်စီး


ဆားလင်းကြီး၊ ဇွန် ၂၅ ၊၂၀၂၂။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်သွယ်ပေးပို့ထားတဲ့ ပင်မဓါတ်အားလိုင်းတိုင်ကို ဇွန်လ ၂၄ ရက် မနေ့ ည ၁၀ နာရီခွဲလောက်က ဖြိုချဖျက်စီးပစ်ခဲ့တယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖျက်အားပြင်းဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်စီးခဲ့တာဖြစ်ပြီး လျှပ်စစ်ဓါတ်အားမရတာကြောင့် အဓ်ိကငွေဝင်လမ်းကြောင်းဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးသန့်စင်စက်ရုံ မလည်ပတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

"ဖျက်အားပြင်း ဒိုင်းနမိုက်နဲ့ ဖောက်ခွဲခဲ့တာပါ။ သူတို့မီးစက်နဲ့ပဲ သုံးနိုင်တယ်။ သူတို့မီးစက်ကလည်း စက်ရုံမလည်ပတ်နိုင်ဘူးလေ လျှပ်စစ်မှလည်ပတ်နိုင်တာ ကြေးသန့်စင်နိုင်တဲ့ စက်ရုံကတော့ မလည်နိုင်တော့ဘူး လျှပ်စစ်မှ လည်ပတ်နိုင်တာ သူတို့ဘယ်စက်ရုံမှ မလည်ပတ်နိုင်ဘူး မီးစက်ကလည်း အလင်းရဖို့လောက်ပဲ သုံးရတာ အထူးသဖြင့် ကြေးသန့်စင်တဲ့ စက်ရုံမလည်ပတ်နိုင်တော့တာ အဓိက ငွေဝင်လမ်းကြောင်းကြီး မလည်ပတ်နိုင်တော့တာ အဲလောက်ထိ ထိရောက်တယ်။ ဒီထက်ပိုပြီးထိရောက်အောင် တော်လှန်နိုင်ဖို့အတွက်လည်း ပြည်သူတွေ ထောက်ပံ့ပေးကြဖို့ လိုအပ်နေပါတယ်။ တော်လှန်ရေးအောင်မြင်သည်ထိ ပြည်သူကို သစ္စာခံပြီး တော်လှန်သွားပါမယ်" လို့အမိမြေအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီကို ရိက္ခာထောက်ပံ့ခြင်း၊ လက်ခံထားရှိခြင်းနဲ့ အားပေးအားမြှောက် ပြုလုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲဖျက်စီးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့  စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်သင့်ကြောင်းနဲ့ NUG နဲ့လက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်အောင် ကူညီနိုင်မယ့် မှုဝါဒနဲ့ ဆက်ဆံရေးတွေ ထားရှိစေလိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုတိုက်ခိုက်မှုကို အမိမြေတော်လှန်ရေးတပ်ဖွဲ့နဲ့အတူ Young People Force (YPF)ပူးပေါင်းခဲ့ပြီး၊ ဇွန်လ ၂၂ ရက်နေ့ညက ဝမ်ပေါင်ကုမ္ပဏီဝင်းထဲကို ရှော့ဒုန်းတွေလက်နက်ငယ်တွေနဲ့ အခြားအဖွဲ့တွေနဲ့  ပစ်ခတ်ခဲ့စဥ်ကလည်း သူတို့နှစ်ဖွဲ့ဟာ ပါဝင်ခဲ့ပြီး ဝမ်ပေါင်အနေနဲ့ ရပ်တန့်မှုမရှိပါက  ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထဲကို သွယ်တန်းထားတဲ့ ပင်မဓါတ်အားတိုင်ကို ဖြိုချဖျက်စီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းထဲကို သွယ်တန်းထားတဲ့ ပင်မဓါတ်အားတိုင်ကို ဖြိုချဖျက်စီး Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.