ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ရဲတပ်ကြပ်ကြီး တစ်ဦး ထိန်းသိမ်းခံရ


ဇွန် ၂၅၊ ၂၀၂၂။  

ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ပုသိမ်ရေကြောင်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ 

ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးဆိုသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် "Happy Birthday ပါ အသက်ရှည်ရှည်နေရပါစေ" ဟု ရေးသားခဲ့ခြင်းဖြစ်သည်။  

အဆိုပါ ရဲတပ်ကြပ်ကြီး တင်သည့်  Post ကို ဟန်ငြိမ်းဦး၏ တယ်လီဂရမ်ချန်နယ်တွင် တက်လာပြီးနောက် ဇွန်လ ၂၀ ရက်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ဟန်ငြိမ်းဦး၏ တယ်လီဂရမ်ချန်နယ်တွင် ပုသိမ်ရေကြောင်းတပ်ဖွဲ့စုက ရဲတပ်ကြပ်ကြီး သန့်ဇင်ဦး  ဘယ်သူ့အတွက် မွေးနေ့ဆုတောင်းပေးနေတာလဲ၊ မေးပေးကြအုံး၊ စာတစ်ကြောင်းနဲ့ ဘဝပျက်ချင်လို့ ထင်သည်ဟု ရေးသားထားခြင်းဖြစ်သည်။ 

ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးကို ဖမ်းဆီးခဲ့ပြီး  ဇွန်လ ၂၃ ရက်တွင်  စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်း ၏ မိသားစုဝင်များကို ရဲလိုင်းခန်းမှလည်း ဖယ်ရှားလိုက်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များက ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးကို ပုသိမ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု နီးစပ်သူများက ပြောသည်။


သံလွင်ခက် - Than Lwin Khet News

ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ရဲတပ်ကြပ်ကြီး တစ်ဦး ထိန်းသိမ်းခံရ ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးသည့် ရဲတပ်ကြပ်ကြီး တစ်ဦး ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.