မြင်းခြံမှာ မီတာခ ကောက်တဲ့ ဝန်ထမ်းနှစ်ယောက် သေနတ်ပစ်ခံရပြီး သေ


ဇွန် - ၂၂ 

မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာ မီတာခသွားကောက်ပြီး ပြန်လာတဲ့ လျှပ်စစ်ဝန်ထမ်းနှစ်ယောက်ဟာ မနေ့ညနေပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မီတာခကောက်ခံပြီး ပြန်လာတဲ့ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကိုနဲ့ ဦးမျိုးဇော်ဝင်းတို့ဟာ မြင်းခြံနယ် နှပ်ချိုတောရွာအနီးမှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာလို့ ဆိုပါတယ်။ 

ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကိုတော့ ဒီနေ့ညနေပိုင်းအထိ မသိရသေးပါဘူး။ 

ပုသိမ်ကြီးမြို့နယ်က လျှပ်စစ်မန်နေဂျာအဆင့်ရှိသူကိုလည်း ပြီးခဲ့တဲ့လပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။ 


Mandalay Free Press - MFP

မြင်းခြံမှာ မီတာခ ကောက်တဲ့ ဝန်ထမ်းနှစ်ယောက် သေနတ်ပစ်ခံရပြီး သေ မြင်းခြံမှာ မီတာခ ကောက်တဲ့ ဝန်ထမ်းနှစ်ယောက် သေနတ်ပစ်ခံရပြီး သေ Reviewed by THITHTOOLWIN on 20:26 Rating: 5

No comments:

Powered by Blogger.