![]() |
ဓာတ်ပုံ - Ye Naung Seven Colour |
ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၉ရက် ည ၁၀နာရီခွဲခန့်တွင် မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်အနီး ၄မိုင်ကုန်း၌ စစ်ကောင်စီ တပ်သားများ အချင်းချင်း စကားများကြရင်း ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကိုမူ ဖော်ပြမထားပေ။
“မနေ့က မြို့ပေါ်မှာဖြစ်တယ်ဆိုတာက မနေ့ကည ၁၀နာရီခွဲလောက်မှာ သူတို့စစ်သားအချင်းချင်း မူးပြီးတော့မှ ပစ်ကြတယ်ပြောတယ်။ သုံးယောက်လောက်သေတယ်တော့ပြောတယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။
မင်းတပ် CDFနှင့် စစ်ကောင်စီတပ်သည် ယမန်နေ့က မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး CDF ရဲဘော် တစ်ဦးကျဆုံးခဲ့သည်။ ထို့ပြင် စစ်ကောင်စီ၏ ခလရ(၂၇၄) တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရသည်။
People's Spring

No comments:
Post a Comment