သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်သား (၁၄) ဦးသေဆုံးကြောင်း ရရှိခဲ့သည့်လက်နက်များနှင့်တကွ ထုတ်ပြန်

ဓာတ်ပုံ - ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့

သရက်ချောင်း၊ ဇွန် (၂၈)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း၌ ဇွန်လနောက်ဆုံးပတ်တွင် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၁၄) ဦးသေဆုံးခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က သိမ်းဆည်းရမိခဲ့သည့် လက်နက်များနှင့်တကွ ယနေ့ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်သား အင်အား (၅၀) ခန့်သည် သရက်ချောင်းမြို့နယ် ကျောက်ဖြူကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် ဇွန်လ (၂၄) ရက် နံနက်ပိုင်းတွင် ခုခံတိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးခဲ့သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အဆိုပါတိုက်ပွဲ၌ တော်လှန်ရေးအဖွဲ့များဘက်မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ပြီး တစ်ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားများသည် ကျောက်ဖြူရွာအတွင်းဝင်ရောက်ပြီး နေအိမ် (၃) လုံးနှင့် စပါးကျည် (၃) လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဝက် (၂) ကောင်ကိုလည်း ပစ်သက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၂၆) ရက်နေ့တွင် အကြမ်းဖက်စစ်သားများ စော်ဖျားကျေးရွာဘက်သို့ ဆုတ်ခွာရာလမ်းတစ်လျှောက် တော်လှန်ရေးအဖွဲ့များလိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၀) ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲ တော်လှန်ရေးရဲဘော်များဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Lu Nge Khit

သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်သား (၁၄) ဦးသေဆုံးကြောင်း ရရှိခဲ့သည့်လက်နက်များနှင့်တကွ ထုတ်ပြန် သရက်ချောင်းမြို့နယ်၌ စစ်ကောင်စီတပ်သား (၁၄) ဦးသေဆုံးကြောင်း ရရှိခဲ့သည့်လက်နက်များနှင့်တကွ ထုတ်ပြန် Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.