ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၅ ဦးလောက်သေဆုံးတယ်လို့ဆို


ရေတာရှည်မြို့နယ် ဂွေးသဲရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦး သေဆုံးနိုင်တယ်လို့ ရေတာရှည် PDF တပ်ဖွဲ့ခွဲ(၂)က သတင်းထုတ်ပြန်ထားပါတယ်။ 

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင်းအင်းကုန်းကျေးရွာအုပ်စု ဂွေးသဲကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂၀)ခန့်ကို သံတောင်မြောက်ပိုင်းအထူးဒေသ အဘဦးကိုကြီးအဖွဲ့နဲ့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့တို့က လက်ဦးမှုယူပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံးငါးဦးသေဆုံးနိုင်ပြီး စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တယ်လို့ ရေတာရှည် PDF တပ်ဖွဲ့ခွဲ(၂)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


People's Spring 

ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၅ ဦးလောက်သေဆုံးတယ်လို့ဆို ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၅ ဦးလောက်သေဆုံးတယ်လို့ဆို Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.