စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People's Guerillas Commando - Myinmu အဖွဲ့က ထုတ်ပြန်သည်။
ဘုတလင်မြို့နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်လုယက်ပြီး နေအိမ်များအား မီးရှို့ဖျက် ဆီးနေသည့် စစ်ကောင်စီတပ်သားများ စခန်းချနေသည့် ကူတော်ရဲစခန်းအား ယမန်နေ့ (ဇွန်လ၂၄ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က ရှော့ဒုံးများဖြင့် ပစ်ခက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People's Guerillas Commando - Myinmu အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်များရှိနေသော အထိုင်နေရာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေနေအား စုံစမ်းနေဆဲဟု PGC-Myinmu က ဆိုသည်။
ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။
အဆိုပါ စစ်ဆင်ရေးအား People's Guerillas Commando - Myinmu နှင့် ဒုံးပျံ Local PDF ၊ Eagle4 PDF ၊ Eagle Brother PDF ၊မဟာ Local PDF ညီနောင်မဟာမိတ်ငါးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု အသိပေးသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People's Guerillas Commando - Myinmu အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ဇွန်လ၁၅ရက်ကလည်း ကူတော်ရွာ ရဲစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက် ခိုက်ခဲ့ပြီး ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း PDFအဖွဲ့များက ထုတ်ပြန်ထားသည်။
ဧပြီ၈ရက်ကလည်း ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပါ ပြန်လှန်ပစ်ခတ်ခဲ့သေးသည်။
People's Spring

No comments:
Post a Comment