ဇွန် - ၂၀
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ထဲက စက်မှုနယ်မြေရဲစခန်းကို ဒီနေ့ ဇွန်လ (၂၀)ရက် မွန်းလွဲ (၃)နာရီကျော်အချိန်မှာ စက်မှုနယ်မြေရဲစခန်းကို ဗုံးထုတိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။
(စျ)ရပ်ကွက်၊ ၅၈ လမ်းနဲ့ ၅၉ လမ်း၊ ၁၃၄ လမ်းနဲ့ ၁၃၅ လမ်းကြားမှာရှိတဲ့ အဲဒီရဲစခန်းကို (၅၈)လမ်းအတိုင်း အမျိုးသားနှစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်ကနေ ဗုံးထုတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
အဲဒီဗုံးဟာ ရဲစခန်းဝန်းထဲက နှစ်ထပ်ဆောင်ရှေ့ (၁၀)ပေခန့်အကွာကို ကျရောက်ခဲ့ပြီး စနစ်တံမပြုတ်တဲ့အတွက် ပေါက်ကွဲခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဗုံးထုခံရတဲ့အတွက် နှစ်ထပ်ဆောင်ကင်းတာဝန်ကျ ရဲဒုတပ်ကြပ်က သေနတ်နဲ့ (၂)ချက် ပစ်ခတ်ခဲ့ပေမယ့် ဗုံးထုသူတွေကို ထိမှန်ခဲ့ခြင်းမရှိဘူးလို့လည်း သတင်းရင်းမြစ်အချို့က ဆိုပါတယ်။
Mandalay Free Press - MFP
ပြည်ကြီးတံခွန် စက်မှုနယ်မြေရဲစခန်းကို ဗုံးထုတိုက်ခိုက်
Reviewed by THITHTOOLWIN
on
00:49
Rating:

No comments:
Post a Comment