မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ရွာအနီးတွင် အကြမ်းဖက်စစ်တပ်က လူနေအိမ်များနှင့် ရေနံတွင်းများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြော သည်။
ယနေ့(ဇွန်လ၂၉ရက်) ညနေ ၄နာရီခွဲခန့်က မြိုင်မြို့နယ်၊ သရက်ကန်ရွာ အရှေ့မြောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူ့နေအိမ်အချို့နှင့် ပြည်သူ လူထု၏ အသက်မွေးဝမ်းကြောင်းပြုလုပ်ရာ ရေနံတွင်းများကို မီးရှို့ဖျက်စီးနေကြောင်း မြိုင်နယ်အခြေစိုက် God Of Myaing-PDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များရှိရာနေရာများနှင့် ဝေးရာသို့ တိမ်းရှောင်နေထိုင်ကြရန် God Of Myaing-PDF အဖွဲ့က သတိပေးသည်။
ဇွန်လ၂၅ရက် နံနက်၄နာရီခန့်က မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ကြားရှိ သရက်ကန်ရွာ လက်ပံတိုရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက ၁နာရီကြာသွားရောက်တိုက်ခိုက်ခဲ့သည်။ ရဲစခန်းအထိနာခဲ့၍ အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့်ပါ လာရောက်ပစ်ကူခဲ့သည်။
မတ်လ ၂၃ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သရက်ကန်ကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၇ဦးသေဆုံးခဲ့သေးသည်။
People's Spring

No comments:
Post a Comment