ဇွန် - ၂၃
မန္တလေးမြို့လယ် ဗောဓိကုန်းဘုရားအနီးက အမှတ် (၁၂) မူလတန်းလွန်ကျောင်းရှေ့မှာ နေ့လယ် (၂)နာရီခွဲလောက်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
(၄၁)လမ်း၊ ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့ အဲဒီကျောင်းကို ကျောင်းဆင်းချိန်လာကြိုတဲ့ ကားကို ဗုံးထုတိုက်ခိုက်တယ်လို့လည်း ဆိုကြပြီး အရပ်သားကားလား၊ စစ်ကားလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။
“ မိန်း(တက္ကသိုလ်)ဘက်ကနေ အုန်းဆိုပြီး အသံအကျယ်ကြီးပဲ ကြားလိုက်ရတယ်၊ အစက ဗုံးပေါက်တာ ထင်နေတာ “ လို့ ဗောဓိကုန်းဘုရားဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။
စာသင်ကျောင်းနဲ့ ဗောဓိကုန်းဘုရားကြားက အုန်းသီးတွန်းလှည်းထဲက ပေါက်ကွဲတာဖြစ်တယ်လို့လည်း ပြောဆိုနေကြပြီး အတည်မပြုနိုင်သေးပါဘူး။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေနဲ့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို မသိရသေးပါဘူး။
မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာက အထက်တန်းကျောင်းမှာလည်း ဒီမနက် ကျောင်းဖွင့်ချိန် (၉)နာရီလောက်က ကျောင်းအရှေ့ဘက်ဝင်ပေါက်အနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွါးခဲ့ပါသေးတယ်။
Mandalay Free Press - MFP

No comments:
Post a Comment