နတ်မောက်က ပျူစောထီးဆိုသူကို ဗိဿနိုးအဖွဲ့က သေနတ်နဲ့ပစ်သတ်


နတ်မောက်၊ ဇွန် ၂၃၊၂၀၂၂။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ပျူစောထီးဆိုသူတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဗိဿနိုး PDF က ဇွန်လ ၂၃ ရက် ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၂ ရက် မနေ့ညနေ ၄ နာရီလောက်က နတ်မောက်မြို့နယ်၊ သပွတ်ပင်ကျေးရွာနေ ကိုဝင်းလွင်ဦး ဆိုသူကို စစ်ကောင်စီကင်းတဲက အပြန်မှာ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

"နတ်မောက်မြို့ထဲက လုံခြုံရေးကင်းတဲမှာ သွားနေတာ၊ ရွာတွေကို စစ်ကြောင်းဝင်မယ်ဆို သူက လမ်းပြလိုက်လုပ်တယ်၊ သပွတ်ပင်ရွာအဝင်နားမှာဖြစ်တာ၊ ၁၀ ချက်လောက်ပစ်ရတယ်၊ ထွက်ပြေးလို့ လိုက်ပစ်တာဆိုတော့ နေရာအတိအကျတော့ မရှိဘူးပေါ့၊" လို့ ဗိဿနိုးနယ်မြေ ပြည့်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကိုဝင်းလွင်ဦးဟာ မြို့နယ်အတွင်းရှိကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးရာမှာ လမ်းပြပေးတာ၊ ဆက်ကြေးကောက်ခံပေးတာတွေအပြင် တော်လှန်ရေးအင်အားစု စခန်းတွေကိုလည်း မီးရိူ့ရာမှာ ပါဝင်ခဲ့တာကြောင့် ခုလိုရှင်းလင်းခဲ့တာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် မနက်ကလည်း နတ်မောက်မြို့အနီး မြို့သစ်မြို့နယ်၊ ကွင်းကြီးရွာက ပျူစောထီးလင်မယားကို လိုက်လံရှင်းလင်းရာ အမျိုးသားဖြစ်သူ လွတ်မြောက်သွားပြီး၊ အမျိုးသမီးဖြစ်သူကတော့ သေနတ် ၄ ချက် ထိမှန်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan

နတ်မောက်က ပျူစောထီးဆိုသူကို ဗိဿနိုးအဖွဲ့က သေနတ်နဲ့ပစ်သတ် နတ်မောက်က ပျူစောထီးဆိုသူကို ဗိဿနိုးအဖွဲ့က သေနတ်နဲ့ပစ်သတ် Reviewed by THITHTOOLWIN on 00:16 Rating: 5

No comments:

Powered by Blogger.