ကသာမှာ စစ်သား ၂၅၀ ကျော် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး


ကသာ၊ ဇွန် ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ရေနီရွာအနီးစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ဇွန်လ ၂၀ ရက် ဒီနေ့မနက်ပိုင်းက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အင်အား ၂၅၀ ကျော်ပါ စစ်သားတွေဟာ မနက် ၁၁ နာရီလောက်က ရေနီးရွာအနီး PDF တွေ ထောင်ထားတဲ့ ရှော့တိုက်ဒုံးကို နင်းမိရာက ပေါက်ကွဲမှုဖြစ်လို့ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး၊ နေ့လည် ၁၂ နာရီခွဲလောက်မှာတော့ PDF ရဲဘော်တွေက ရှော့တိုက်ဒုံး တလုံးနဲ့ထပ်မံ ပစ်ခတ်တိုက်ခဲ့တဲ့အတွက် စစ်သား ၇ ဦးသေဆုံးခဲ့တာလို့ အရိပ်မဲ့ပြောက်ကျားတပ်ဖွဲ့ ဝာာဝန်ခံက ပြောပါတယ်။ 

“ဒီနေ့မနက် ကျနော်တို့ထောင်ထားခဲ့တဲ့ ရှော့တိုက်ဒုံးတွေ သူတို့တိုက်မိပြီး စစ်သား ၂ ယောက်ကျသွားတယ်၊ မနက် ၁၁ နာရီခန့်လောက်မှာပါ၊ ရေနီရွာအောက်ချိုင့်မှာ သူတို့စက်လှေပေါ်ပြန်တက်တဲ့အချိန်မှာပါ၊ ကျနော်တို့ဘက်က ၁၂ နာရီခွဲခန့်မှာ ရှော့တိုက်ဒုံး ထပ်ပြီးပစ်လိုက်တဲ့အချိန်မှာ စစ်သား ၇ ယောက်လောက်ထပ်ကျတယ်၊ အဲဒါကတော့ ရေနီရွာ တောစပ်နားလောက်မှာ ဖြစ်တာပါ၊” လို့ ပြောပါတယ်။  

အဲ့ဒီစစ်သားတွေဟာ ဇွန်လ ၁၉ ရက် မနေ့ကတည်းက ကသာမြို့အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး၊ မနေ့ကနေ့လည် ၂ နာရီလောက်ကလည်း ပုလွေရွှေအုပ်စု၊ ပုလွေကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပုလွေရွှေကျေးရွာက အမျိုးသမီး ၃ ဦး လက်နက်ကြီးမှန် သေဆုံးခဲ့တယ်လို့လည်း အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကလည်း မကွေ:မြို့အခြေစိုက် အမှတ်( ၈၈ ) ခြေမြန်တပ်မဌာနချုပ်က တပ်သားတွေလိုက်ပါလာတဲ့ ရိက္ခာတင် စစ်သင်္ဘော ၃ စီးကို ကသာမြို့အနောက်ဖက်ကမ်းကနေ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့   အရိပ်မဲ့ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ကသာမှာ စစ်သား ၂၅၀ ကျော် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး ကသာမှာ စစ်သား ၂၅၀ ကျော် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး Reviewed by THITHTOOLWIN on 00:34 Rating: 5

No comments:

Powered by Blogger.