ဘုတလင်မြို့နယ်ရှိ ယခင်ဗိုလ်ချုပ်သာအေးရွာ စစ်ကောင်စီတပ်က ဒုတိယတစ်ကြိမ် ထပ်မံမီးရှို့ခံရ ၊ အစ်မဖြစ်သူအိမ် မီးထဲပါသွား

Photo-ယခင်ဗိုလ်ချုပ်သာအေး၏ အစ်မဖြစ်သူအိမ် မီးလောင်ကျွမ်းခဲ့သည့်မြင်ကွင်း

ဇွန် ၆ ရက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်ရှိ ယခင်ဗိုလ်ချုပ်သာအေးရွာဖြစ်တဲ့ ချောင်းဝကြီးကျေးရွာကို ဒီကနေ့ ( ဇွန်လ ၆ ) ရက်နေ့က  စစ်ကောင်စီတပ်က ဒုတိယတစ်ကြိမ် ထပ်မံမီးရှို့ခံခဲ့ရပြီး ၄င်း၏ အစ်မဖြစ်သူအိမ် မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းအထိ မီးရှို့ခံခဲ့ရတဲ့ချောင်းဝကြီးကျေးရွာမှာ မီးငြှိမ်းမသတ်နိုင်သေးသလို ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဆိုပါတယ်။

"ညနေပိုင်းမှာ ကျနော်ရွာထဲကိုရောက်သွားတယ်။မီးကမငြိမ်းသေးဘူး။ရွာသားတွေကတော့ ပြေးကုန်ကြပြီး။ယခင်တိုင်းမှုးဗိုလ်ချုပ်သာအေးရွာပေါ့ဗျာ။သာအေးမကလို့ သာအေးအဖေအိမ်ဖြစ်ပါစေ။အကုန်သာရှို့ဆိုပြီး စစ်ကောင်စီတပ်က ပြောကြတယ်တဲ့။အခုတော့ သာအေးအစ်မအိမ်ပါ မီးထဲပါသွားပြီ။ဒါရောဆိုရင် ဒုတိယတစ်ကြိမ် ထပ်ပြီး မီးရှို့ခံခဲ့ရတာပါ "လို့ ဒေသခံတစ်ဉီးက ပြောပါတယ်။

မီးမရှို့ခင်က ယခင်ဗိုလ်ချုပ်သာအေး၏ အစ်မဖြစ်သူအိမ်ထဲမှာ ဗိုလ်ချုပ်သာအေး၏ ပုံကို ချိတ်ဆွဲထားသော်လည်း မီးရှို့သွားကြောင်း အစ်မဖြစ်သူမှာ ဒေသခံရွာသားများနှင့်အတူ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။

ချောင်းဝကြီးကျေးရွာ မီးလောင်ဆုံးရှုံးမှု ပက်သက်ပြီး အိမ်ခြေကိုတော့ လက်တလောမှာ အတည်မပြုနိုင်သေးသလို ဒီကနေ့မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။

ဘုတလင်မြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။


မျက်မှောက်ခေတ် 

ဘုတလင်မြို့နယ်ရှိ ယခင်ဗိုလ်ချုပ်သာအေးရွာ စစ်ကောင်စီတပ်က ဒုတိယတစ်ကြိမ် ထပ်မံမီးရှို့ခံရ ၊ အစ်မဖြစ်သူအိမ် မီးထဲပါသွား ဘုတလင်မြို့နယ်ရှိ ယခင်ဗိုလ်ချုပ်သာအေးရွာ စစ်ကောင်စီတပ်က ဒုတိယတစ်ကြိမ် ထပ်မံမီးရှို့ခံရ ၊ အစ်မဖြစ်သူအိမ် မီးထဲပါသွား Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.