ကျောက်ဆည် - တံတားဦးလမ်းပိုင်းတွင် တပ်စွဲထားသော စစ်ကောင်စီတ​ပ်အား ဗုံးသီးဖြင့်တိုက်ခိုက်

(ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KDDF)

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ကျောက်ဆည် - တံတားဦးလမ်းပိုင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတ​ပ်အား ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်သည်။

ယနေ့(ဇွန်လ၂၉ရက်)နံနက် ၅နာရီ၂၀မိနစ်အချိန်က ကျောက်ဆည်မြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာအနီး ကျောက်ဆည် - တံတားဦး ခရိုင်ပတ်လမ်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အီနာဂါဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KDDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အကြမ်းဖက်စစ်တ​ပ်ထိခိုက်မှုအခြေအနေ မသိရသေးဟု ဆိုသည်။

"စစ်ကောင်စီအထိုင်ချထားတဲ့ ကင်းဂိတ်ကို ကျွန်တော်တို့ အီနာဂါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ တိုက်ခိုက်ပြီးတဲ့နောက် အဲဒီဂိတ်မှာ စစ်ဆေးမှုတွေတင်းကျပ်လာတယ်လို့သိရပါတယ်။"ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ကျောက်ဆည်ခရိုင်ကာကွယ် ရေးတပ်ဖွဲ့ (K.D.D.F)နှင့် BARMAHTE PEOPLE DEFENSE FORCE တို့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဇွန်လ၁၉ ရက်ကလည်း ကျောက်ဆည်မြို့ရှိ ဦးသန်းရွှေ၏ နေအိမ်ခြံဝင်းထိပ် ဗုံးထုတိုက်ခိုက်ခံခဲ့ရသေးသည်။


People's Spring 

ကျောက်ဆည် - တံတားဦးလမ်းပိုင်းတွင် တပ်စွဲထားသော စစ်ကောင်စီတ​ပ်အား ဗုံးသီးဖြင့်တိုက်ခိုက် ကျောက်ဆည် - တံတားဦးလမ်းပိုင်းတွင် တပ်စွဲထားသော စစ်ကောင်စီတ​ပ်အား ဗုံးသီးဖြင့်တိုက်ခိုက် Reviewed by THITHTOOLWIN on 23:37 Rating: 5

No comments:

Powered by Blogger.