မဲခေါင်၊ ဇွန် ၂၅
မကွေးတိုင်း၊ ပေါက်နှင့်မြိုင်မြို့နယ်ကြားတွင် ရှိသည့် သရက်ကန်ရဲစခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် လေကြောင်းပစ်ကူရသည်အထိ တိုက်ပွဲပြင်းထန် ခဲ့ကြောင်း အမိမြေတော်လှန်ရေးအဖွဲ့က ထုတ်ပြန်သည်။
MHG တပ်ရင်းမှခွဲ (၁) Black Master၊ခွဲ(၂) 101၊ ခွဲ (၃) GOM၊ နှင့်မဟာမိတ်ညီနောင်တပ်ပေါင်းစုများဖြစ်ကြသည့် ပုလဲတပ်ရင်း (၂)၊ MPDF မုံရွာခရိုင် (၁)၊ ယင်းမာပင်(၃)၊အမိမြေတော်လှန်ရေးတပ်ဖွဲ့ ၊ 3in 1၊ သပြေတော၊ ပုလဲတပ်ရင်း (၆) ၊ ပေါက်မြိုင်တပ်ပေါင်းစု၊ ဒေသခံ local pdf များနှင့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး အကျအဆုံးစာရင်းအား အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
ပေါက်မြို့နယ်အတွင်းရှိသည့် သရက်ကန်ရဲစခန်းအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် ရှော့တိုက်များဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။
MeKong News - မဲခေါင်သတင်း

No comments:
Post a Comment