ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် ဘုရားကျောင်း ဝင်းတံခါးကို ကားဖြင့်တိုက်ဖွင့်ပြီး ဝင်နားသွား


30 June 2022

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒွမ်းဘုံးကျေးရွာနှင့် လဝါးကျေးရွာကြားတွင် စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေနှင့် PDF တို့က နှစ်ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“တရားဝင်တော့ ဘာမှ အကြောင်းမကြားလာသေးဘူး။ တိုက်ပွဲဖြစ်တယ်လို့တော့ကြားတယ်။ အခြေအနေ အသေးစိတ်ကိုလည်း မသိရသေးဘူး။ ကြားဖြတ်တိုက်ခိုက်တာပေါ့”ဟု ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ယနေ့ အစောပိုင်းက ကေအိုင်အေ တပ်ရင်း ၂၀ နှင့် PDF တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်‌ကြောင်းသည် လဝါးကျေးရွာက နှစ်ခြင်းဘုရားကျောင်းဝင်း တံခါးကိုလည်း ကားဖြင့်ဝင်တိုက်သွားသည်ဟု လဝါးဒေသခံတစ်ဦးက ဆိုသည်။

“ဘုရားကျောင်း တံခါးကိုတော့ ဒီမနက် ၄ နာရီလောက်မှာ တုံဖုံးကား ခဲရောင်နဲ့ လာတိုက်ပြီး ဖွင့်သွားတာ၊ တံခါးကပျက်စီးသွားပြီ။ သူတို့က တံခါးမဖွင့်ပေးလို့ တိုက်ဖွင့်လိုက်တာ  ပြန်လာလုပ်ပေးမယ်လို့တော့ ပြောသွားတယ်”ဟု လဝါးဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် လဝါးနှစ်ခြင်းဘုရားကျောင်း ဝင်းတံခါးကို ကားဖြင့်တိုက်ဖွင့်ပြီး ဝင်နားခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။


Kachinwaves 

ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် ဘုရားကျောင်း ဝင်းတံခါးကို ကားဖြင့်တိုက်ဖွင့်ပြီး ဝင်နားသွား ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် ဘုရားကျောင်း ဝင်းတံခါးကို ကားဖြင့်တိုက်ဖွင့်ပြီး ဝင်နားသွား Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.