ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး ကျေးရွာရှိ ပြည်သူ့နေအိမ်ကို အသုံးပြုပြီး တပ်စခန်းအခိုင်အမာ တည်ဆောက်ထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ဇွန်လ(၂၅)ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲသည် နံနက်(၆)နာရီမှ နေ့လယ် (၂)နာရီအထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစ်စီးဖြင့် နှစ်ကြိမ် ထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနှင့် သေးဆူလဲရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့ကြား နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းတွင်လည်း မိနစ်အနည်းငယ် ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပြီး ပူးပေါင်းတပ်ဖွဲ့ဖက်မှ သုံးဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်) ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ KA၊ KNDF၊ လွိုင်ကော်(PDF)၊ KRU ၊ အလယ်ပိုင်းတိုင်း(၁၁၀၂)နှင့် အခြား တော်လှန်ရေးတပ်အင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Tachileik News Agency

No comments:
Post a Comment