June 28, 2022
မန္တလေး မှ မုံရွာဘက်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်းကို ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းခုလပ်တစ်နေရာတွင် ချောင်းဦးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ CHU LDF အဖွဲ့က မိုင်းဆွဲ တိုက်ခဲ့သဖြင့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု ၅ဦးအထက် ရှိခဲ့ကြောင်းသိရသည်။
ဇွန်လ ၂၇ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီယာဉ်တန်းအဖွဲ့ ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနင်းလာခဲ့ရာ ချောင်းဦးမြို့ နှင့် ငါးယှန်ရွာ ကြားတွင် ဒေသကာကွယ်ရေးတပ် CHU LDF အဖွဲ့က ပဒေသာမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Chaung U Local Defense Force (CHU LDF) မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
"သူတို့က မန္တလေး ကနေ မုံရွာလမ်းကြောင်းအတိုင်း ပွိုင့်ကားနှစ်စီး ပရာဒိုတစ်စီး ခွေးဘီလူးတစ်စီးလာတယ်။ သူတို့ထွက်လာတာကို ကျနော်တို့က ကြိုတင်သတင်းရထားတဲ့အတွက် စောင့်ကြိုတိုက်ခိုက်တဲ့သဘောပါ။ အဲ့နေရာမှာ အနည်းဆုံး နှစ်ယောက်သေတယ်။ ဒဏ်ရာရတဲ့သူက ၃ဦးထက်မနည်းရှိနိုင်တယ်"ဟုပြောဆိုသည်။
ထိုနေရာတွင် မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသွားသော ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို နာရေးကားများဖြင့် လာရောက်ကောက်ယူသွားကြောင်းလည်း သိရသည်။
Kachin News Group

No comments:
Post a Comment