ချောက် ၊ ဇွန် ၁၆ ၊ ၂၀၂၂။
မကွေးတိုင်း၊ ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့်စစ်သားများအား ဇွန်လ ၁၂ ရက်နေ့က ပစ်ခတ်ခဲ့ကြောင်း People Defence Force Chauk တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။
"အစောင့်ကပစ်တဲ့အချိန်မှာ မြင်ရတာကတော့ အစောင့် ၃ ယောက်ရှိတယ်၊ ပစ်တဲ့အချိန်က ည ၁၀ နာရီဝန်းကျင်မှာ သေနတ်နဲ့ ၃ ချက်ပစ်တယ်၊အပြင်မှာဖုန်းပြောပြီး လမ်းလျှောက်နေတဲ့ ၁ ယောက်ကို ၃ ချက် သေချာပေါက်မှန်တယ်၊ ကျန်တဲ့အထိအခိုက်အကျအဆုံးစာရင်းကမသိရသေးဘူး" လို့ People Defence Force Chauk တာဝန်ခံကပြောပါတယ်။
ပစ်ခတ်မှုကို People Defence Force Chauk နှင့် CHK ပြောက်ကြားအဖွဲ့ညီနောင်များပူးပေါင်း၍ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ် အစောင့်စစ်သားတဦး သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရ
Reviewed by THITHTOOLWIN
on
22:15
Rating:

No comments:
Post a Comment